Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(32)
အနုပညာရှင်လေးဟာလဲ သူ့ပရိတ်သတ်တွေနဲ့အတူ အဲ့လူ မြင်ကွင်းကပျောက်သွားတဲ့အထိ လိုက်ကြည့်နေခဲ့မိလေတယ်
Holy shit .... ကမ္ဘာပေါ်မှာ
အခုလို နတ်ဘုရားတပါးလိုချောမောတဲ့သူလဲရှိသေးတယ်ပေါ့ ဒါက သာမာန်လူတွေကိုတမင်စော်ကားတာပဲ မဟုတ်ဘူးလားအနုပညာရှင်လေးခမျာ လေယောဉ်ကွင်းထွက်ပွဲအတွက် ဂရုတစိုက်ဝတ်စားလာခဲ့ပေမဲ့ ဘာမဟုတ်တဲ့အမဲရောင် suitဝတ်ဆင်ထားတဲ့သူကိုမယှဉ်နိုင်ဘူးလို့မတွေးဖူးဘူး
ငိုလုနီးပါးဖြစ်နေတဲ့အနုပညာရှင်လေးကိုသတိမမူမိတဲ့အနှီလူကြီးမင်းကတော့ အားလုံးကိုထားရစ်ကာ ကားထဲဝင်ထိုင်လို့ပျောက်ကွယ်သွားခဲ့ပါပြီ
.....
ထိုစဉ် မြို့တော်Aရဲ့ တနေရာမှာတော့
"ဆိုင်ရှင်ရေ ဒီပန်းပင်ကဘယ်လောက်လဲ "
ပန်းပင်တွေကြားထဲအလုပ်ရှုပ်နေလေတဲ့ မိန်းမပျိုလေးတစ်ယောက်က ပန်းပင်လာဝယ်တဲ့မိန်းမငယ်လေးရှိရာရောက်လာလေတယ်
"3500ပါ "
"အာ ဈေးကြီးလိုက်တာ "
"မကြီးပါဘူးရှင် ဒါလေးက ဂျပန်ချယ်ရီပင်လေးကိုမှဘွန်ဆိုင်းပုံစံလေးလုပ်ထားတာလေ နေရှိတဲ့နေရာကိုမကြိုက်လို့ အရိပ်ရတဲ့နေရာဘယ်နေရာပဲဖြစ်ဖြစ်ထားလို့ရတယ် ပြီးတော့ သူက လူတရပ်စာလောက်ထိပဲကြီးလာမှာလေ အေးတဲ့နေရာမှာဆို ပင်လုံးကျွတ်ပန်းပွင့်နေမှာ အရမ်းလှမယ်လို့မခံစားမိဘူးလား
အဲ့အပင်နားသွားပြီးစာဖတ်တာဓာတ်ဖမ်းတာအိပ်တာယောဂကျင့်တာအားလုံးလုပ်လို့အဆင်ပြေတယ် ပန်းနံ့ကလဲအရမ်းမပြင်းထန်ပဲသင်းသင်းလေးဆိုတော့အနှောင့်အယှက်လဲမဖြစ်တော့ဘူးပေါ့""အဲ့လိုလား ဒါဆိုရင်လဲ ငါးပင်ပေး နဲနဲတော့လျော့ပေးပါဦးမမရယ် ဒီဆိုင်က serviceလဲကောင်း ဆိုင်ရှင်ကလဲလှတယ်ပန်းလဲစုံတယ်ဆိုလို့အဝေးကြီးကနေရောက်လာတာပါ ဒီလိုလုပ်ပါလား ညီမကို နှစ်ရာလောက်လျော့ပေးလေ နောက်ကျမမရဲ့ဆိုင်ကိုကြေငြာပေးမယ်လေ ဘယ်လိုလဲ ဟင်? "
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...