33.zgi

171 4 8
                                    

Moe yanant thin 080:
လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(33)

ကောင်းမင်ထျန်းးး

သူ့ကိုမြင်လိုက်တာနဲ့ဒီတာဝန်ကိုဆက်မလုပ်နိုင်တော့ဘူးဆိုတာ သူမသိလိုက်တာကြောင့် လှည့်ထွက်သွားခဲ့ပေမဲ့ သူမနောက်မှာလေတိုးသံကိုကြားလိုက်ရကာ

"မ‌တွေ့ရတာကြာပြီနော် မုယွမ်ယွမ်"

သူ့ဘက်ကအရင်စနှုတ်ဆက်လာခဲ့တယ်

ဒါက ဘာကိုဆိုလိုတာလဲ?

သူ သူမကိုမုန်းနေတာမဟုတ်ဘူးလား

ဒါမှမဟုတ် သူမကိုလက်စားချေဖို့ပြန်လာတာများလား

"တွေ့ရတာဝမ်းသာပါတယ် မစ်စတာကောင်း "

သူမ ပြန်မနှုတ်ဆက်လဲမရတာမို့ သူ့ကို‌ဦးညွတ်ကာနှုတ်ဆက်လိုက်တယ်

"အဟွန်း မင်းကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူး"

"ကျေးဇူးတင်ပါတယ်"

သူမ ပြုံးနေပေမဲ့ အသက်မပါ

သူကလဲ ဒါကိုသိတယ်ထင်ပါရဲ့ မဲ့ပြုံးတခုကိုပေးအပ်လာတယ်

သူမ မျက်နှာလွှဲလိုက်တော့ သူက

"ဒါဆိုလဲ ကျွန်တော့်ရဲ့ရုံးခန်းကိုလိုက်ပြပေးလို့ရမလား မစ်မု "

"ဟုတ်ကဲ့ ဒီဖက်လမ်းပါ"

သူ့‌ခြေလှမ်းတွေစရွှေ့တော့သူ့ကိုလာကြိုတဲ့လူအားလုံးကလဲလိုက်ရွှေံလာကြတယ်

ဒါကိုမြင်တော့ သူကတားလိုက်က

"ကျွန်ဝောာ်ကိုအစည်းအဝေးခန်းထဲကပဲစောင့်ပေးပါ မစ်မုတစ်ယောက်နဲ့ပဲလုံလောက်ပါတယ် ရတယ်မလား မစ်မု"

မုယွမ်ယွမ် မျက်ခုံးတို့တွန့်ကွေးသွားကာ ဒေါသဖြစ်သွားပေမဲ့ နောက်က လဲ လက်ခံလိုက်ဖို့ သူမကိုပြူးပြပြဲပြနေပြီ နောက်ဆုံးတော့ သူမ မတတ်သာပဲလက်ခံလိုက်ရတော့တယ်

"ဟုတ်ကဲ့"

"ကျေးဇူးပါ"

သူနှုတ်ခမ်းပေါ်မှာ အပြုံးတုတခုတင်ထားပြီး လူတကာကိုလိုက်ပြုံးပြနေတာဟာ သူကမြေခွေးလိုလူဖြစ်လာပြီလို့ဆိုလိုတာပဲမဟုတ်ဘူးလား

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Tempat cerita menjadi hidup. Temukan sekarang