P.3

5.8K 326 26
                                    

Uni

" ကျောင်းသားသစ်ရောက်ပြီလား "

လက်ငါးချောင်းအားထောင်ပြကာမတ်တပ်ရပ်လိုက်ပြီး ရိပေါ်ဘေးမှထိုင်နေရင်းမှရှောင်းကျန့်ရှေ့သို့ထသွားလိုက်သည်။ထိုအချိန်ထိရိပေါ်ဟာ အတွေးနွံထဲမြောနေတုန်းပင်ဖြစ်သည်။ကျန်းချန်ရိပေါ်အား စာရွက်တစ်ရွက်အားဖြဲ၍လုံးကာပစ်လိုက်မှ ‌ကျန်းချန်ဘက်သို့ပြုံးဖြီးနေသော မျက်နှာနှင့်လှည့်လာလေသည်။ကျန်းချန်မေးငေါ့ပြသည့်နေရာအားကြည့်လိုက်သည်နှင့် ရှောင်းကျန့်နာမည်အားမိတ်ဆက်ပေးကာ သူတို့အတန်းသို့ပြောင်းလာကြောင်းပြောလာသည်မို့ မေးထောက်ထားရာမှ လက်သည်ဆက်ကနဲပြုတ်ကျသွားသည်။မေးစိအားဆောင့်မိသည်မို့ ရိပေါ်မျက်နှာလေးသည်ရှုံ့မဲ့သွားသည်။

ဆရာမမိတ်ဆက်ပေးနေသည့်ရှောင်းကျန့်၏မျက်မှောင်များသည် စုကြုံ့စွာဖြင့် ရိပေါ်အားကြည့်နေသည်ကို ရိပေါ်မှလွဲတစ်ခန်းလုံးသိသည်။ဆရာမအပါအဝင်ဖြစ်သော်လည်း ဘာမှမပြောပေ။သမ္မတကြီး၏အချစ်ဆုံးမြေးအား မည်သူပြောရဲမည်နည်း။

" ဘယ်နားထိုင်ချင်လဲ သားရှောင်း "

ရှောင်းကျန့်ဟာ ရိပေါ်၏ခံုအားလှမ်းကြည့်လိုက်ကာ ဆရာမအားပြန်ကြည့်လိုက်သည်။အရိပ်အကဲခတ်တော်သည့်ဆရာမသည် ချက်ချင်းရှောင်းကျန့်အား ရိပေါ်နားထိုင်ခိုင်းလိုက်လေသည်။ရှောင်းကျန့်သည်အစကတည်းက ရိပေါ်နားဝင်ထိုင်နေသော်လည်း ဆရာမထိုင်ခိုင်းသည့်နေရာတွင် ထိုင်ကြရသည်ကပို၍များသည်။ထို့ကြောင့်ဆရာမ၏အတည်ပြုစကားကြားသည်နှင့်ရှောင်းကျန့်ဟာ ရိပေါ်နားသွားထိုင်လေသည်။

" ဟီး ကိုကို ဘယ်လိုလုပ်ဒီအခန်းရောက်လာတာလဲ "

" .... "

ရိပေါ်ဟာခိုက်မိထားသော မေးစိအားအုပ်ကာ ပြုံး၍မေးနေသည်။အရမ်းနာနေသည်မှာ ရိပေါ်၏မျက်နှာရဲလေးကသက်သေဖြစ်နေသည်။

" နာနေလား "

" ရပါတယ် ကိုကို့အနာဂတ်ခင်ပွန်းကအားကောင်းမောင်းသန်ယောက်ျားပါ "

" လှည့် "

ရိပေါ်၏မျက်နှာအားကိုင်ကာသူ့ဘက်လှည့်လိုက်၍ မေးစိအားသေချာကြည့်လိုက်သည်။ရိပေါ်ကြောင်သွားသော်လည်း သူ၏နောင်တစ်ချိန်ဖြစ်လာမည့် ခင်ပွန်းကထိုသို့ကိုင်နေသည်မို့ ပြုံးကာ မေးငေါ့ပေးလိုက်သည်။

Black King{ Complete✓ }Where stories live. Discover now