မင်းသည်သာ...🍁🍁🍁...
...အပိုင်း (၁၄)မောင်..
မောင်..ငါကချစ်ရင်..အရမ်းချစ်တက်တာမို့...
ငါ့အပေါ်ကို..မောင်..လေးနက်ပေးရမယ်နော်...
ငါကစချစ်တဲ့သူမို့..မောင်..ကဆက်ချစ်ပေးနော်.....🍁🍁🍁🍁🍁
အငြိုးကြီးစွာရွာချနေတဲ့မိုးနဲ့အတူ..ထယ်ယောင်း လှဲကျနေတဲ့နေရာကနေ..ထထွက်လာခဲ့မိသည်.။.သူ့ခြေလှမ်းတွေကအရမ်းကိုလေးကန်နေခဲ့ပါသည်...ခေါင်းကိုသာ ငိုက်ချထားမိသည်..။.ထိုစဥ် လမ်းကွေ့အချိုးလေးကိုကွေ့ချိုးလိုက်စဥ် ဖြာကျလာတဲ့မီးရောင်နဲ့အတူ..လူကချော်လှဲကျသွားလေသည်...ခေါင်းကလည်းမိုက်ခနဲ..တစ်တောင်
နှစ်ဖက်သည်လည်းကျင်ခနဲ့ဖြစ်သွားရသည်...သူလုံးဝကိုပြိုလဲချင်နေပြီ..မျက်ရည်မိုးတွေသည်မှာခုထိစွေလို့ကောင်းနေတုန်း...။"ဒီမှာ..အဆင်ပြေရဲ့လား..ဟင်.ဘာ..ဘာလုပ်တာလဲ.."
ကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့် ထယ့်ရင်ထဲသိမ့်ခနဲနွေးထွေးသွားရသည်..။သူဘာမှမတွေးတော့ပဲ..သူ့အတွက်နွေးစေသည့်အရာလေးကို..သူ့ရင်ခွင်ထဲဆွဲဖက်ထားလိုက်မိသည်...။သူ့ရဲ့နွေးထွေးရာလေးကအတင်းရုန်းနေတာကြောင့်..သူတိုးဖက်ထားကာ..နူတ်ကလည်း..တိုးလျှစွာ တောင်းပန်မိသည်....။
"ခဏလေးပါ..တကယ်ခဏလေးပါ.."
သူ့စကားကြောင့်လားမသိ သူ့ရင်ခွင်ထဲကလူသားလေးက..ငြိမ်သက်သွားသည်..သူအရမ်းကိုငိုမိသည်..။ကလေးတစ်ယောက်လိုအော်ငိုမိသည်..။သူ့ကျောလေးကိုပွတ်သပ်ပေးလာသည့်..လက်လေးတစ်ဖက်....လုံလောက်ပါပြီ.သူငိုတာလုံလောက်နေပါပြီ...သူစိတ်ကိုလျော့ချလိုက်တော့..သူကမ္ဘာကမှောင်အတိကျသွားလေသည်..။
"ဟာ..ဝေ့..ဟေ့. မင်းအိပ်ပျော်သွားတာလား..ကျစ်ကွာ..မထူးတော့ပါဘူး..ငါ့အိမ်ပဲခေါ်သွားရတော့မယ်..ဟူး.."
ဟိုဆော့..ထယ့်ကိုယ်ကြီးကို..မနိုင်မနင်း.သယ်ကာ..ကားပေါ်ကိုတင်လာခေါ်လာခဲ့သည်...။တစ်ယောက်တည်းတစ်သီးတသန့်နေတက်တဲ့သူမို့..အခက်တွေ့ရပါသည်...။
.
.
သူတို့ကိုစုံစည်းပေးတဲ့..ကံကိုပဲကျေးဇူးတင်ရမလား..အပြစ်တင်ရလေမလား....။

YOU ARE READING
မင်းသည်သာ.🍁🍁🍁
Fanfiction"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖက်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖက်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်ရာတွေကို ကိုယ်ကျေကျေနပ်နပ်နဲ့... လက်ခံပါ့မယ် မောင်ရယ်... တစ်ခုပဲ ကိုယ့်ကိုတော့... သူ့နေရာမှာ အစားမထိ...