Unicode
တီ!
ညသန်းခေါင်ယံကွန်ဒိုအဆင့်မြင့်အဆောက်အအုံကြီး၏အပြင်ဘက်နံရံတွင်တွယ်ကပ်နေသောလူတစ်ယောက်။
ကာရံထားသောမှန်သားပြင်တွင်စက်တစ်ခုကိုတပ်ဆင်ကာလူတစ်ကိုယ်စာဝင်နိုင်ရန်အဝိုင်းပေါက်လေးတစ်ခုဖောက်လိုက်သည်။ထိုအဝိုင်းပေါက်လေးသည်သာမန်လူတစ်ယောက်အတွက်သာဆိုလျှင်ဝင်နိုင်ရန်ခက်ခဲသော်လည်းထိုသူသည်ပျော့ပြောင်းလွယ်သောခန္ဓာကိုယ်ရှိသည့်အတွက်အလွယ်တကူသာဝင်လာလိုက်သည်။
လှုပ်ရှားချက်များကပင့်ကူလူသားကဲ့သို့မြန်ဆန်သည့်အပြင်အသံတစ်စက်မှလည်းမထွက်လိုက်ပေ။"တွေ့ပြီ"
သူရှာနေသောအရာမှာကားကမ္ဘာ့အကြီးဆုံးစိန်ဟုတင်စားရသောCullinan diamondဖြစ်လေသည်။
တစ်ခုလုံးအပြည့်အဝမဟုတ်သော်ငြားလည်းသရဖူမှစိန်ကြီးဖြစ်သည့်အတွက်၅၃၀ကာရက်ရှိသည့်အပြင်ယခုဈေးနှုန်းသည်ဒေါ်လာ၄၀၀မီလီယံအထက်ရှိသည်။
ယခင်ကဘုရင်မကြီး၏သရဖူထက်တည်ရှိနေခဲ့သော်လည်းသရဖူအားမွမ်းမံမှုများပြုလုပ်မည်ဟုသတင်းရရှိထားတာကြောင့်ခိုးယူရန်ရောက်လာခဲ့ခြင်းပင်။ထိုစိန်ကိုမှန်ပုံးအတွင်းသွတ်သွင်းထားသည်ဖြစ်၍သာမန်ကာလျှံကာကြည့်လျှင်ခိုးယူရသည်မှာလွယ်ကူသည်ဟုထင်ရသော်လည်းလုံခြုံရေးစနစ်များအကြောင်းသူအသိဆုံးဖြစ်သည်။
ယူလာသောပေါင်ဒါမှုန့်ဘူးထဲမှအမှုန့်များကိုလေထဲသို့မှုတ်ထုတ်လိုက်သောအခါလေဆာအနီတန်းများသည်ပင့်ကူကွန်ရက်များကဲ့သို့ရှုပ်ထွေးစွာပေါ်ပေါက်လာလေသည်။လေဆာများကိုထိမိသွားလျှင်လုံခြုံရေးအသံပေးခေါင်းလောင်းများကချက်ချင်းဆိုသလိုအသံထွက်ပေါ်လာမှာဖြစ်ပြီးအသင့်စောင့်နေသောတပ်ဖွဲ့များကသူခိုးအားဖမ်းဆီးကြမည်ဖြစ်သည်။
မျက်မှောက်ခေတ်၏လုံခြုံမှုအဆင့်အတန်းအလွန်မြင့်သောစနစ်များဖြစ်ရကားသာမန်သူခိုးများအတွက်မလွယ်ကူပေ။သို့သော်ထိုလူသည်လေဆာအမျှင်တန်းများကိုပေါ့ပါးသောလိပ်ပြာလေးတစ်ကောင်ကဲ့သို့ပင်လျှင်မြန်စွာဖြတ်ကျော်လိုက်သည်။
မှန်ပုံးအနီးသို့ရောက်သောအခါစက်အဝိုင်းပြားလေးတစ်ခုကိုထုတ်ကာမှန်အပေါ်သို့တင်လိုက်သည်။