မင်းသခင်ခက်ထန် နဲ့ ချမ်းဆောင်းဟန် အတူ ပြန်နေပြီးတဲ့ မနက်က စလို့ မင်းသခင်ခက်ထန် ရဲ့ ဝတ်ပုံစားပုံတွေ အနေအထိုင်တွေ အပြုအမူတွေက အရင်လို ပေါ့ပေါ့ပါးပါးလေး ပြန်ဖြစ်သွားသည်။
မင်းသခင်ခက်ထန် အဝတ်အစားလဲ ရေချိုးပြီးနောက် သူ့ယောက်ျား မနိုးခင်လေးမှာ ကလေးတွေကို နို့တိုက် အစာကျွေးပြီးတာနဲ့ ပြန်သိပ်လိုက်၏ ။
ကလေးတွေ ရှိတဲ့ အခန်းထဲကို ခြေသံ ဖွဖွလေး နင်းပြီ ဝင်လာတဲ့ ကောင်ငယ်လေးကို အစကထဲက မြင်ပေမယ့် ဦးခက်ထန် မသိချင်ယောင်ဆောင်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်၏ ။
ဦးခက်ထန် အိပ်ချင်ယောင် ဆောင်နေတာကို သူ စ ဝင်လာကထဲကိုက သိသည်။
သူ့အဘိုးက အရမ်းပါးပြီး သတိကြီးလွန်းသည်။အခန်းထဲရောက်တာနဲ့ သူတို့ ကုတင်ပေါ်မှာ တက်အိပ်နေတဲ့ ဦးခက်ထန် ကို ကန်တော့ရန်
ကုတင်အောက်မှာ ဒူးကလေးကွေးထိုင်ကာ ချမ်းဆောင်းဟန် အတွက် ယူသွားမဲ့ Pajama လေးကို ပေါင်ပေါ်မှာတင်ပြီးနောက် လက်အုပ်ကလေးချီပြီး တောင်းပန်စကား ဆိုလေသည်။အခန်းတွေ အများကြီး ရှိတဲ့ အထဲကမှ သူ ဘာကြောင့်များ အဲ့ အခန်းကို ရွေးမိလဲ မသိ ။
အဲ့ အခန်းကို သူ့အဘိုးက တန်ဖိုးထားတာ သိသိရက်နဲ့ ကို။"ဘိုးဘိုးကြီး သားမှားသွားပါတယ် ပြီးတော့ တောင်းပန်ပါတယ် သားမရည်ရွယ်ပါဘူး
"ဦးခက်ထန် ချက်ချင်း ထထိုင်လိုက်ပြီး သူသိချင်နေတဲ့ မေးခွန်း တစ်ခုအား မေးတော့သည်။
သူတကယ်ကို သိချင်စိတ် ပြင်းပြလွန်းသည်။
"ချမ်းဆောင်းဟန် အသက်ရော ရှိသေးရဲ့ လား "
မင်းသခင်ခက်ထန် အခုမှ ရှက်လာတာကြောင့် သူ့ရဲ့ လည်ပင်းကို လက်ကလေးနဲ့ ပွတ်သပ်လိုက်ပြီး ပါးချိုင့်ပေါက်ကလေးတွေ ပေါ်တဲ့ အထိအောင် ပြုံးပြနေမိသည်။
ရှက်လွန်းတာကြောင့် နူးညံ့ပါးလွှာလွန်းတဲ့ အသားအရည်လေးက ပန်းသွေးရောင်လေး ရဲ ထ လို့ လာပေသည်။
"ချစ်လွန်း လို့ ယူထားတာကို ဘိုးဘိုးကြီးကလဲ ဘာတွေ မေးနေမှန်းမသိဘူး "

VOCÊ ESTÁ LENDO
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...