"ယောတောဘွန်းတို့ မင်္ဂလာပါခဗျ။ကျွန်တော်ကတော့ကင်မ်ဆော့ဂျင်ပါ။ဒီနေ့ကျွန်တော့်မွေးနေ့မလို့ ကျွန်တော့်ARMYတွေအတွက်ကိတ်ခွဲတဲ့liveလေးလာလွှင့်တာပါ။"
"ကျွန်တော် ကိတ်စခွဲပါတော့မယ်ခဗျ"
"ဟျောင်း!....ဂျင်ဟျောင်း တံခါးလာဖွင့်ပေးဗျာ"
ဆော့ဂျင်liveလွှင့်ရင်းအိမ်ရှေ့တံခါးကိုထုရိုက်ကာအော်ဟစ်နေသူကြောင့်...
"ယောတောဘွန်းတို့ ခဏလေးပါနော်"
"ဟျောင်း..."
ဆော့ဂျင်တံခါးဖွင့်ပေးလိုက်တော့ ဖဲပြားအနီကိုခေါင်းမှာပတ်ထားရင်း ယိုင်နဲ့တဲ့ခြေလှမ်းတွေနဲ့သူ့ကိုပြုံးပြနေသည့်ဂျီမင်း။
"ဂျီမင်း! ဘာဖြစ်လာတာလဲ သောက်ထားတာလားမင်း"
"ပိစိလေးပဲ သောက်လာတာပါဗျာ ဖယ်အုံးကျွန်တော်အိမ်ထဲ၀င်အုံးမယ်"
ပိစိလေးပဲသောက်လာတယ်တဲ့။သူ့ကြည့်တော့လမ်းတောင်ဖြောင့်အောင်မလျှောက်နိုင်ပဲ။အခုလည်းဆော့ဂျင်ကိုတွန်းတိုက်ပြီးအိမ်ထဲပိုင်စိုးပိုက်နက်၀င်သွားပြန်သည်။
"ဂျီမင်း ငါliveလွှင့်ရင်းတန်းလန်းကြီးနော်
မင်းဘာလာလုပ်တာလဲ""အာ....ဟျောင်း liveလွှင့်နေတာလားကျွန်တော်ကဟျောင်းကိုလက်ဆောင်လာပေးတာ"
"အာညော် ယောတောဘွန်းတို့ ကျွန်တော်ဂျီမင်းပါ ဂျင်ဟျောင်းကိုလက်ဆောင်လာပေးတာ ဟီးဟီး"
ဂျီမင်းကတော့ လုပ်ပြီ။သူမူးရင် ပေါက်ကရသိပ်လုပ်တာ ဆော့ဂျင်အသိဆုံး။အခုလည်းliveထဲမှာပေါက်ကရတွေလုပ်အုံးမယ်။
"ဂျီမင်း ပေါက်ကရတွေမလုပ်နဲ့ကွာ။လက်ဆောင်ပေးမှာမဟုတ်လား ပေးပြီးရင်လည်းပြန်တော့ မင်းအရမ်းမူးနေပြီ"
"မပြန်ပါဘူး လက်ဆောင်ကကျွန်တော်လေ။ဒီမှာတွေ့လားဖဲပြားလေးတောင်စည်းထားသေးတယ်။လက်ဆောင်ကကျွန်တော်မိုလို့ပြန်လို့မရဘူး"