(Unicode)
❝ကျွန်မတို့ ဒီမှာပဲ အဆုံးသတ်ကြတော့မလား?❞
တစ်ဖက်အမျိုးသမီးရဲ့ စကားသံအောက်၌ Gemini သက်ပြင်း ချမိသည်။
❝ ကိုယ်တောင်းပန်ပါတယ်...ကိုယ်တို့ အခုတွေ့လို့ ရနိုင်မလား May? ❞
ဒီတစ်ခါတော့ တစ်ဖက်အမျိုးသမီးထံမှ စကားသံတို့ တိတ်ဆိတ်သွားသည်။
❝ ထပ်ပြီး အချိန်ဆွဲဦးမလို့လား Gemini❞
❝ကိုယ်တို့တွေ့ကြရအောင်လေနော် ကိုယ်တို့တွေ့နေကျ ဆိုင်လေးကို လာခဲ့ပေးနော်❞
တောင်းပန်သံမမြည်သော တိုးလျှိုသံလေးအောက် တစ်ဖက် အမျိုးသမီးမှာ ကျရှုံးသွားပုံရသည်။
ထိုစကားအဆုံး၌ သူတို့နှစ်ဦးဟာ တစ်ဖန်တွေ့ဖို့ အကြောင်းဖြစ်လာခဲ့သည်။
သူမက May!
Gemini ရဲ့ ချစ်သူ တစ်နည်း လက်ထပ်ရန်ရည်ရွယ်ထားသူ။
ဘွဲ့ရပြီးချိန်ကတည်းက သူတို့နှစ်ဦး စတွဲခဲ့တာ အခုဆို သုံးနှစ်ရှိပြီ။သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ သာယာလှပြီ လို့ အများက သတ်မှတ်ထားသော်လည်း လူတွေမသိနိုင်တဲ့ နှစ်ဦးကြားမှာတော့ ပြဿနာက ယခုလို နေ့စဥ်နှင့်အမျှ ရှိမြဲပင်။
သို့ပေမယ့် ဒီတစ်ခါ အတော်ဆိုးလှသည်။လူချမ်းသာတစ်ဦး မဟုတ်တဲ့ Gemini အတွက်တော့ မိသားစု စားဝတ်နေရေးအတွက် ကိုယ်တိုင် ရှာရသည်။
တက္ကသိုလ် တတ်နေတဲ့ တစ်လျှောက်လုံးလည်း Gemini ဟာ ဂိုက်ပြရင်း အချိန်ကုန်ခဲ့ရသည်။Mayအတွက် ပေးခဲ့ရသည့်သူ့အချိန်ဟာတော်တော်မှ နည်းပါးလှသည်။
May ကို ချစ်ရဲ့လားလို့မေးရင် သူ May ကိုသံယောဇဥ်ရှိသည်။
ကိုယ့်ကြောင့် ငယ်ရွယ်မှုတွေ ပျောက်ဆုံးနေတဲ့ ထိုကောင်မလေးကို သူ,မပစ်ရက်နိုင်။သူ့ဘဝရဲ့ ပထမဆုံး ချစ်ခဲ့ရသူ အချစ်ဦးဖြစ်တာမို့လည်း သူသံယောဇဥ်ပိုထားမိသည်။
ဒီတစ်ခါဖြစ်ရသည့် ပြဿနာကလည်း သူ့ကြောင့်ပင်။ မကြာသေးခင်မှ စာချုပ်ချုပ်ထားသည့်ပုဂ္ဂလိက ကျောင်းမှ သူ့ကို နယ်မြို့ ကျောင်းတစ်ကျောင်းတွင် စာသင်ပေးရန် လွှတ်ခြင်းကြောင့် သူသွားရမယ့် အကြောင်းဖန်လာသည်။