Unicode
တစ်ပတ်အတွင်းမှာပဲ ငွေစက္ကူလဲပေးတဲ့ အစည်းအရုံးတစ်ခုက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာပြီး ယုံသူရှိသလို မယုံကြည်သူတွေလည်းရှိသည်။ အွန်လိုင်းပေါ်မှာ မကောင်းသတင်းတွေပျံ့နှံ့လာပြီး သတိမရှိတဲ့ အောက်ခြေလူတန်းစား တစ်စုကတော့ ထိုသတင်းဟာ သတင်းကောင်းတစ်ခုအလား...
ငွေစက္ကူအဟောင်းတွေကို လဲလှယ်ပေးပြီး ရှစ်ထောင်ဖိုး အကြွေပေးလျှင် တစ်သောင်းတန်တစ်ရွက်ကို ပြန်ပေးသည်။ ထိုသို့ မလဲလှယ်ကြရန် သတိပေးစာတွေ ထွက်လာသော်ငြား ဝမ်းရေးခက်ခဲသည့် လူများအဖို့ မျက်စိရှေ့ရောက်လာတဲ့ အခွင့်အရေးကို လက်လွှတ်မခံနိုင်ကြပေ။
နေသာတဲ့ နေ့တစ်နေ့ဖြစ်ပြီး နေဝန်းအာဏာဟာလည်း ယုန်ဖြူလေးအနား တဝဲလည်လည်လုပ်ကာ စိတ်ရဲ့အေးချမ်းမှုကို ရှာဖွေနေခဲ့သည်။
နေဝန်းက ဂစ်တာတစ်လက်ကိုင်ရင်း ရေကူးကန်ဘေးမှာ ထိုင်နေခဲ့သည်။ ချမ်းဝေကိုတော့ ကန်ထဲကို ခြေထောက်လေးတွေချခိုင်းထားပြီး နေဝန်းဟာ ဇော်ဝင်းထွဋ်ရဲ့ သီချင်းတစ်ပုဒ်ကို ငြီးနေခဲ့သည်။
"တစ်လောကလုံးနဲ့ နှိုင်းယှဉ်...ကိုယ်အချစ်ဆုံးက မင်းလေး.."
"ရှေ့မှာ..ဘာတွေဖြစ်မလဲ မစဉ်းစားဘူး.."
"မင်းလက်တွဲပြီးသွားမယ်..ဒါ ကံကောင်းခြင်းလို့ပဲ..မှတ်ယူ"
"ဘာတွေ လိုအပ်ဦးမလဲ ချစ်သူရယ်.."
သာယာငြိမ့်ညောင်းတဲ့ ဂီတသံက ထွက်ပေါ်လာပြီး နေဝန်းရဲ့ နူးညံ့ညင်သာတဲ့ အကြည့်တွေက ချမ်းဝေဆီကို ကျရောက်လာတယ်။
"တကယ်ဆို ကိုယ်..မင်းမရှိရင် မဖြစ်တာပါ"
"အချိန်တွေတိုင်းမှာ မင်းက လိုအပ်လို့.."
"အမှောင်တွေဖယ်..လမ်းပြပါ..အလင်းရောင်ရယ်"
"ကိုယ်ဟာ ကယ်တင်ဖို့ လိုပါတယ်.."
"တစ်ခုမှကို အဆင်မပြေဘူး..အာရုံတွေဟာ မလန်းဆန်းဘူး"
"အဆုံးမဲ့ ဒီအလွမ်းနေ့များ..အဆုံးသတ်ပါ မင်းလေးက.."
သီချင်းရဲ့ အဓိက အပိုဒ်ကို ရောက်လာတဲ့အခါမှာ နေဝန်းရဲ့ ခံစားချက်တွေက အမြင့်ဆုံးအထွဋ်အထိပ်ကို တက်လာခဲ့တယ်။ သူသီချင်းဆိုပြနေတာကို နားထောင်နေတဲ့ အလင်းတန်းကလေးက တောက်ပပြီး ရွှင်မြူးနေကာ သီချင်းစာသားတွေထဲမှာ နစ်မြောနေခဲ့လေသည်။ နေဝန်းရဲ့ ကြည်လင်ပြီး ဩရှတဲ့အသံက ရှင်းရှင်းလင်းလင်း ထွက်လာပြီး...
YOU ARE READING
Even The Devil , Once An Angel(COMPLETED)
RomanceSatan knows that he never be an angle again. Nay Wunn Arnar Chan Wai 14.3.23 9.8.24