အခန်း(၆)

2.6K 158 8
                                    

Unicode

"ဓာတ်မှန်မှာ မြင်ရတာက အရိုးတွေက ပုံမှန်ကြီးထွားမလာဘဲ အတွင်းဘက်ကိုယိုင်နေတာ၊ ခြေခွင်တာပေါ့ ပြောရရင်"

အရိုးတွေရဲ့ ဓာတ်မှန်ကို ကြည့်ရင်း ဆရာဝန်က ဂရုတစိုက်ရှင်းပြပေးလာသည်။ အသက်ငါးဆယ်အရွယ် ဝါရင့်ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး အကိုကသာ အကူအညီမပေးခဲ့ပါလျှင် ထိုသို့သော ဆရာဝန်မျိုးနှင့် သူတစ်သက်လုံးပြနိုင်ခဲ့မှာ မဟုတ်ပါပေ။

"Rickets က အမျိုးအစားတွေများတယ်။ ပုံမှန်ဆိုရင်တော့ မွေးရာပါပိုများတယ်၊ ကလေးတွေမှာလည်း အဖြစ်များတယ်၊ ဒါပေမဲ့ ကလေးထဲက ‌သေချာကု‌သပေးမယ်ဆိုရင် အသက်အရွယ်တစ်ခုကိုရောက်တဲ့အခါ အတိုင်းအတာ တစ်ခုအထိကောင်းမွန်လာတတ်တယ်၊ အခု မောင်ချမ်းဝေခံစားနေရတာက Osteomalacia လို့‌ေခါ်တယ်။ အသက်ကြီးမှဖြစ်တဲ့ softening of bone ပေါ့။ အရိုးနဲ့ အရိုးကိုထောက်ပံ့ပေးတဲ့ ကြွက်သားတွေကလည်း သန်မာခြင်းမရှိဘူး။ လမ်းလည်းမလျှောက်နိုင်ဘူး ထင်တယ် ဟုတ်လား"

"ဟုတ်ကဲ့"

"ရေရှည်ဆိုရင် အသက်ကြီးလာတဲ့အခါ အရိုးပွတာတွေ အရိုးကျိုးလွယ်တာတွေပါဖြစ်နိုင်တယ်၊ ခြေထောက်မဟုတ်တဲ့ တခြားအစိတ်အပိုင်းတွေက အရိုးတွေက ပိုပြီးပုံမှန်ဖြစ်တယ် တွေ့ရလား၊ ဒီမှာကြည့် လက်နဲ့ ကျောရိုးတွေဆိုရင် ငယ်ငယ်ထဲက လှုပ်ရှား‌မှုနည်းနည်းလုပ်ခဲ့ရတော့ အားပျော့ပေမဲ့ ပုံမှန်အတိုင်းနီးပါးပဲ၊ ငယ်ငယ်က‌ ကုသမှုခံယူခဲ့ရသေးလား"

ချမ်းဝေကသေချာလေးစဉ်းစားလိုက်ပြီး

"ဖေဖေမဆုံးခင် ခြောက်နှစ်လောက်ထိတော့ ကုသမှု ကောင်းကောင်းခံယူခဲ့ရပါတယ်၊ အဲ့နောက်ပိုင်းမှာတော့ ဒီအတိုင်း ဝှီးချဲနဲ့ပဲ ဆေးလေးသောက်ရင်း နေလာတာ၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး ဆေးခန်းပြန်ပြဖြစ်တယ် သုံးလတစ်ကြိမ်လည်း ဆေးစစ်ဖြစ်တယ်"

"သောက်ရတဲ့ ဆေးနာမည်တွေသိလား"

"ကယ်လ်ဆီယမ် အားဆေးတွေပါ ဒေါက်တာ"

"အတွင်းဘက်ကို ခွင်နေတဲ့ ခြေထောက်ကပဲ လှုပ်ရှားမှုမရှိတဲ့အတွက်ကြောင့် ပိုပိုပြီးအားနည်းလာရတာ၊ ကယ်လ်ဆီယမ်ဓာတ် လုံးဝမရှိတဲ့ အရိုးတွေလိုပဲ၊ ငယ်ငယ်က ကယ်လ်ဆီယမ် ဆေးတွေစားခဲ့တဲ့အရှိန်ကြောင့် ပုံမှန်လူလိုမျိုးနဲ့ သိပ်ပြီးမသိသာတာ၊ မဟုတ်ရင် အရိုးတွေကပုံပျက်ပန်းပျက် ဖြစ်နေလောက်ပြီ၊ အရိုးတွေက နာကျင်တာမျိုးတွေ တခြားရောဂါတွေရော ရှိလား"

Even The Devil , Once An Angel(COMPLETED)Nơi câu chuyện tồn tại. Hãy khám phá bây giờ