တုကူမိုဟန် စက္ကန့်အနည်းငယ်ကြာ အံ့အားသင့်သွားပြီးနောက် ဗီလာထဲသို့ ဝင်သွားကာ ဦးလေးရှင်းက သူ့ထံချဉ်းကပ်ကာ မေးသည်။
"သခင်မလေး ဘယ်သွားမှန်း မသိဘူး၊ အခု သူမ ဘယ်ရောက်နေလဲမသိသလို လုံခြုံလား မလုံခြုံဘူးလားဆိုတာ မသိဘူး " ဗီဒီယိုမှာ သူတို့စိုးရိမ်စရာ မလိုဘူးလို့ ပြောထားပေမယ့် အပြင်မှာ ဒီလောက်လှတဲ့ အမျိုးသမီးတစ်ယောက်က ဘယ်လောက်တောင် အန္တရာယ်ကင်းနိုင်မလဲ။
တုကူမိုဟန်က ဘာမှမထူးခြားဘဲ "ဦးလေးရှင် ၊ ဒီနာမည်ကို ဦးလေးပါးစပ်ကနေ ထပ်မကြားချင်တော့ဘူး" သူ၏အေးစက်စက် မျက်လုံးများက ဦးလေးရှင်ကို သတိပေးသည့်ပုံစံဖြင့် စိုက်ကြည့်နေသည်။
ဦးလေးရှင်သည် သူ၏ ခံစားချက်မဲ့ မျက်လုံးများကြောင့် လန့်ဖျပ်သွားသည် "ဒါပေမယ့် သခင်..." ဦးလေးရှင်း စကားမဆုံးခင် တုကူမိုဟန်က ရပ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
ဦးလေးရှင်သည် ချက်ချင်း နှုတ်ဆိတ်သွားသည်။
သူတစ်ယောက်တည်း ညစာစားခဲ့တယ်။ ညစာစားပြီးနောက် အပေါ်ထပ်ရှိ စာကြည့်ခန်းသို့ သွားပြီး အလုပ်လုပ်သည်။ သူအိပ်ရာဝင်ခါနီးတွင် ကွာရှင်းစာချုပ်ကို အခန်းအတွင်းရှိ စားပွဲပေါ်၌ တွေ့ရှိခဲ့သည်။
တုကူမိုဟန် အနည်းငယ် အံ့သြသွားသည်။ သဘောတူညီချက်ကို သေသေချာချာဖတ်ပြီးနောက် ဘောပင်ကို အလွတ်ကောက်ကိုင်ကာ သူ့နာမည်ကို လက်မှတ်ထိုးတော့မည်ဖြစ်သည် ။
ခဏအကြာ၌ တုကူမိုဟန်၏ ဦးခေါင်းသည် ပြင်းထန်စွာ နာကျင်ခဲ့ပြီး ဘောပင်ကို ချလိုက်ရသည်။ ဘောပင်ချလိုက်ပြီးနောက် နာကျင်မှုက ရုတ်တရက် ပျောက်သွားသဖြင့် လက်မှတ်ထိုးသည့်နေရာကို စိုက်ကြည့်လိုက်သည်။
ဘောပင်ကို ကောက်ကိုင်ပြီး နောက်တစ်ကြိမ် လက်မှတ်ထိုးရန် ကြိုးစားသောအခါတွင် သူ၏ ဦးခေါင်းမှာ အလွန်နာကျင်ကာ အသက်ရှုရပ်လုနီးပါး ဖြစ်ခဲ့သည်။
ဘောပင်ကိုချပြီးနောက်တွင် သူသည် အနည်းငယ်အသက်ပြင်းပြင်းရှူကာ ကွာရှင်းစာချုပ်ကို အချိန်အတော်ကြာ စေ့စေ့ကြည့်၍ ပုံမှန်အတိုင်းပြန်သွားပြီး အိပ်ရာပေါ်သို့ လှဲလိုက်သည်။
YOU ARE READING
The Green Tea Female Partner With the Male Lead ( Complete )
RomanceThe novel written by: Author: (Tángguo Fěnfen) ဤဝတ္တုသည် Translation Novel တစ်ပုဒ်ဖြစ်ပါသည် ။ မူရင်းစာရေးသူနှင့် Eng Translationကို credit ပေးပါတယ် This is not my own creation, it is just a translation of the original. Credit to the original author