31-12-202019:00 PM ဝန်းကျင်။
နှစ်သစ်ကူးကာလ။
ပဲွတော်ကာလလဲဖြစ်၊ ရုံးပိတ်၊ ကျောင်းပိတ်ကာလလဲ ဖြစ်ပြန်သည်မို့ ဒီလိုရက်တွေဟာ မိသားစု မိတ်ဆွေတွေ တွေ့ဆုံကြသော နေ့ရက်များပင်။ ဟိုမှ သည်သို့၊ သည်မှ ဟိုသို့ ကူးလူးသွားလာကြသည်မို့ ဘူတာရုံများ၊ အဝေးပြေးကားဂိတ်များ၊လေယာဉ်ကွင်းများမှာ ဖြတ်သန်းသွားလာသူများ၏ စကားပြောသံများ နှုတ်ဆက်သမှုပြုကြသံများဖြင့် စည်ကားသိုက်မြိုက်လို့နေသည်။
ဘေဂျင်းမြို့၏ လေဆိပ်တစ်နေရာမှာတော့ Marius တစ်ယောက် ယောက်ယက်ခက်နေသည်။
ဟန်ဂေရီနိုင်ငံ ဘူတာပတ်စ်ကနေ ဆိုက်ရောက်လာမည့် လေယာဉ်ကို စောင့်မျှော်နေခြင်းဖြစ်သည်။ ပျံသန်းချိန် ၁၂နာရီခဲွမျှဖြစ်သော်လည်း လေယာဉ်ဒီလေး ဖြစ်မှုကြောင့် ဆိုက်ရောက်ချိန်နောက်ကျရခြင်းဖြစ်လေသည်။
Marius မှာ ကားပေါ်က ဆင်းသွားလိုက် ပြန်တက်လာလိုက်ဖြင့် အချိန်တစ်နာရီကျော်ကို စောင့်ဆိုင်းနေရခြင်းဖြစ်သည်။
အခုလဲ ကားပေါ်မှာရှိနေတုန်း ရုတ်တရက် ဖုန်းဝင်လာသံကြောင့် တုန်တက်သွားရသည်။
ခေါ်ဆိုသူကို ကြည့်လိုက်တော့ သူ့ Team leader ဆီမှ••••
"အေး ••• ပြော”
"ဆ••ဆရာ ဝမ်ရိပေါ်ရဲ့ back up dancers တွေထဲ မှာ ID ရှာမရတဲ့ လူတွေပါနေလို့ အဲ့ဒါ•••”
"ဘာ !!!!! အဲ့ဒါကို လီးလုပ်နေတာလား •••ရှာမရရင် ရအောင်ရှာရမှာ မင်းတို့ အလုပ်မဟုတ်ဘူးလား ငါလိုးမသားတွေရ••• ဒီညပဲွမှာ ဝမ်ရိပေါ် တစ်ခုခုဖြစ်ရင် မင်းတို့အဖေ Sean က မင်းတို့ကို အရေခံွဆုတ်မယ်ဆိုတာ အခုထိ နားမလည်သေးဘူးလား•••ငါလိုးမဟာတွေ•••တောက်”
တရဆက် ဆဲဆိုပစ်မှုကြောင့် တစ်ဖက်က တိတ်ကျသွားလေသည်။
ခနအကြာမှ
"ဟုတ်ကဲ့ ဆရာ ကွျန်တော် ခနနေမှ ပြန်ဆက်လိုက်ပါမယ်”
"နေအုံး•••မြေပြင်ဘက်က အခြေနေရော ဘာထူးသေးလဲ•••စတိတ်စင် အခြေအနေ ပတ်ဝန်းကျင် အထူးသဖြင့် စက်သီးကြိုးနဲ့ ချိတ်ဆင်းလာမယ့် Tower နဲ့ လမ်းကြောင်းအခြေအနေတွေ တစ်ခုခြင်းစီမှာ ယိုပေါက်မရှိစေနဲ့”