'တို့ကိုမိအောင်ဖမ်းလေ'
'ခ..ခဏ..ခဏနေပါအုန်း'
ထွက်ပြေးသွားသော အမျိုးသမီး၏ ကျောပြင်ကိုကြည့်ပြီး ဝဋ္ဌာ အမြန်ပြေးလိုက်ရလေသည်။ တနေရာ အရောက်တွင် ထိုအမျိုးသမီး၏ လက်အား ဝဋ္ဌာဖမ်းဆွဲလိုက်မိသည်။
'မိပြီ'
'တို့ ရှုံးသွားပြီ တို့ ကတိအတိုင်း မင်းလိုချင်တာ တို့ပေးရတော့မှာပေါ့'ဟုဆိုကာ ဝဋ္ဌာ့ နှုတ်ခမ်းအား နမ်းရှိုက်လိုက်လေသည်။
__________
'တီ.တီ.တီ.တီ'
နှိုးစက်မြည်သံကြောင့် ဝဋ္ဌာနိုးသွားသည်။
'မက်ပြန်ပြီ ဒီအိမ်မက်ဘဲ ဘယ်နှနာရီတွေတောင်ရှိနေပြီလည်း'
နာရီကို လှမ်းယူကာ ကြည့်လိုက်တော့ မနက်၇နာရီ ထိုးနေပြီဖြစ်သည်။ ထို့နောက် အိပ်ရာထကာ ရေမိုးချိုး ကျောင်းဝတ်စုံလဲကာ အိမ်အောက်သို့ဆင်းလာခဲ့သည်။
📱I don't care..how long it's take📱
'Hello'
'Hello မာမီ'
'ဝဋ္ဌာ နိုးပြီလား'
'ဟုတ်..ဒါနဲ့ မာမီဘယ်သွားတာလဲ'
'မာမီက အရေးပေါ်လူနာရှိလို့ ဆေးရုံလာလိုက်ရတယ်'
'အော်'
'မာမီ အုန်းနို့ခေါက်ဆွဲတွေ ဝယ်ထားတယ် မီးဖိုခန်းထဲမှာ'
'ဟာ ဝဋ္ဌာစားချင်နေတာ'
'အင်း မနက်က မာမီစျေးသွားတော့ ဝယ်လာတာ'
'မြန်မြန်စား ကျောင်းနောက်ကျ ေနအုန်းမယ်'
'ဟုတ်'
ထို့နောက် စားသောက်ပြီး စက်ဘီးတစ်စီးနှင့် ကျောင်းသို့ထွက်လာခဲ့သည်။
ဝဋ္ဌာက ဒီနှစ်မှ အထက်တန်းစတတ်ရမှာလေ။ မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ ဆံပင်တိုတို အရပ်ရှည်ရှည် မျက်မှန်အဝိုင်းလေးနှင့်ပင်။ ဝဋ္ဌာက ယောက်ျားလေးချော ချောသည်။ ကျောင်းတွင်လည်း မိန်ကလေးတော်တော်များများက ဝဋ္ဌာ့ကိုကြိုက်ကြသည်။ သို့သော် ဝဋ္ဌာကတစ်ယောက်မှ စိတ်မဝင်စားပေ။
YOU ARE READING
RAIN(One Shot)
Romance'ဝဋ္ဌာက မိုးရာသီဆို သိပ်မုန်းတာဘဲ... မာမီတို့ကလည်း ဝဋ္ဌာ့နာမည်ကို မိုးပါအောင်ဘာလို့မှည့်ပေးကြမှန်းမသိဘူး ဒါပေမယ့်... အခုတော့ အဲ့မိုးဆိုတဲ့ စကားလုံးကို ဝဋ္ဌာအခုေတာ့သဘောကြသွားပြီဗျ ဘာလို့ဆို ကျနော် သိပ်ချစ်တဲ့ တီချယ်က ကျနော့်ကိုမိုးလို့ခေါ်လို့လေ...'...