Unicode
ညဘက်အတွက် Nurse ?!
အညိုရောင် make-up looks နဲ့ သူမသည် ခပ်ပြုံးပြုံးပင် ဝင်ထိုင်နေပြီး သူ့အိတ်ထဲမှ ဖိုင်တွဲတစ်ခုကို ထုတ်ပေးလာသည်။
"ဒါကကိုယ်ရေးအကျဉ်းပါ"
နေဝန်းရှေ့ကို ဖိုင်အားတွန်းပေးလိုက်သော်လည်း နေဝန်းက ဆေးလိပ်ကိုသာ ကိုက်ခဲနေရင်း သူမကို ခပ်စူးစူးစိုက်ကြည့်နေခဲ့သည်။ ချမ်းဝေကပဲ မနေနိုင်စွာ ဖိုင်ကိုဆွဲယူလိုက်ပြီး ဖွင့်လိုက်သည်။ ဖိုင်ကိုချမ်းဝေ လှမ်းယူလိုက်တာမြင်တော့ နေဝန်းရဲ့ မျက်ခုံးတွေက ဆတ်ခနဲတွန့်ချိုးကုန်ပြီး စိတ်အတွင်းထဲ လှောင်မြိုက်ထားရသည့် ဒေါသများမှာလည်း တိုးထွက်လာတော့သည်။
"အဲ့တာ ဘာကိစ္စကိုင်ကြည့်နေတာလဲ!"
ဖိုင်ရဲ့ရှေ့ဆုံးတစ်ရွက်ကိုပဲ ကြည့်ရသေးတဲ့ ချမ်းဝေက ကြောက်စရာကောင်းတဲ့ ဆူသံကြီးကိုကြားလိုက်ရတော့ လန့်သွားတယ်။ ဖိုင်လေးကို စားပွဲပေါ်ချလိုက်ပြီး ခပ်တိုးတိုးဆိုလာ၏။
"ကျွန်တော် တောင်းပန်ပါတယ် အကို.."
နေဝန်းအာဏာက မေးရိုးတွေတင်းသွားပြီး စိတ်ပျက်သွားတယ်။ သူဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူး..ဒါပေမဲ့လည်း ဘာမှဆက်မပြောဘဲ အရှေ့တည့်တည့်က မိန်းမကိုသာကြည့်လိုက်သည်။
"ဘုန်းမာန်ရည်ထက် လွှတ်လိုက်တာလား"
"ဟုတ်ပါတယ်"
"နာမည်၊ အသက်နဲ့ ဘာတွေလုပ်ဖူးလဲ ကိုယ့်ဟာကိုယ် မိတ်ဆက်"
"ညီမနာမည်က ရွှေရည်ဝင်းလဲ့ ပါ ၊ ဂျပန်မှာ kaigo နဲ့ လေးနှစ် အလုပ်လုပ်ဖူးပါတယ်၊အပြုအစုလည်းအရမ်းတော်ပြီး professionalကျတာက ကျွန်မရဲ့အားသာချက်၊ အားနည်းချက်က လူနာရှင်တိုင်း သဲသဲလှုပ်လိုချင်ကြတာ"
"အဲ့တာ မင်းကိစ္စလေ၊ ငါလိုချင်တာ professional ကျတဲ့လူမဟုတ်ဘူး၊ သက်ကြီးရွယ်အို စောင့်ရှောက်တဲ့လူလည်းမဟုတ်ဘူး၊ သဲသဲလည်း မလှုပ်ချင်ဘူး၊ ခိုင်းချင်တာခိုင်းလို့ရမဲ့လူကို လိုချင်တာ"
တစ်ဖက်ကအမျိုးသမီးရဲ့ မျက်နှာက သိသိသာသာပျက်ယွင်းသွားပေမဲ့ သူမက ချက်ချင်းပြန်ပြုံးလိုက်ပြီး
YOU ARE READING
Even The Devil , Once An Angel(COMPLETED)
RomanceSatan knows that he never be an angle again. Nay Wunn Arnar Chan Wai 14.3.23 9.8.24