song recommend- 10 months by Enhypen.
.
.
အလယ်တန်းနောက်ဆုံးနှစ်တဲ့။ဖြစ်နိုင်ရင်ယူဂျင်းအတန်းတွေကိုကျော်တက်လိုက်ချင်ပါသည်။
ကျောင်းယူနီဖောင်းဝတ်ရတာကိုလည်း ငြီးငွေ့လာပြီ။
တက္ကသိုလ်ရောက်တဲ့အထိဘယ်နှနှစ်တောင်သီးခံပြီး
စာတွေကျက်နေရဦးမှာလဲ။လူတွေကစာမသင်ဘဲမရှင်သန်နိုင်ကြဘူးလား။
၁၆နှစ်သား ဟန်ယူဂျင်းအတွက်တော့
စာတွေဆိုတာကြောက်ဖို့အကောင်းဆုံးသရဲတစ္ဆေတွေလိုပါပဲ။အခုတောင်စာမလုပ်ချင်လို့ရပ်ကွက်ထဲက
ဘတ်စကတ်ဘောကွင်းမှာလာဆော့နေတာ။
မနက်ဖြန်ထပ်ရမယ့်အိမ်စာလား?
မလုပ်ချင်ပါဘူး သေရင်ကိုယ့်နောက်ပါမှာမှမဟုတ်တာ။ညနေခင်းဖြစ်နေတာတောင်မီးနဲ့မြိုက်ထားသလိုပူလောင်နေတာသိတယ်။
ဘာလို့နေပူကျဲတဲကြီးထဲလာဆော့နေတာလဲမမေးနဲ့
အခန်းထဲမှာအေးဆေးတွက်စာဂဏန်းတွေထိုင်တွက်
နေရတာလောက်ခေါင်းပူရမယ့်ကိစ္စမရှိလို့ပဲ။ယူဂျင်းကငယ်သေးပေမယ့်
စဥ်းစားတွေးခေါ်နိုင်စွမ်းတွေကျယ်ပြန့်တယ်။
တစ်ခန်းလုံးကဆရာဝန်တွေအင်ဂျင်နီယာတွေ
ကုမ္ပဏီသူဌေးကြီးတွေဖြစ်ချင်နေတဲ့အချိန်
သူကidolဘဝကိုအိမ်မက်မက်နေတာမျိုးလေ။မဖြစ်နိုင်စရာအကြောင်းလည်းမရှိပါဘူး။
သူကတစ်နေ့ကျရင် နာမည်ကြီးအနုပညာရှင်တစ်ဦး
ဖြစ်လာမယ်ဆိုတာသူ့ကိုယ်သူသိပြီးသား။အဲ့ဒါကြောင့် ကျောင်းမှာတောင်
bully caseတွေနဲ့ဝေးအောင်နေတယ်။
တကူးတကကြီးတော့ရှောင်စရာမလိုပါဘူး
နဂိုကတည်းကဟန်ယူဂျင်းလေးကစိတ်ထားကောင်းပြီး
ဆရာဆရာမတွေကအစဝိုင်းအုံချစ်လေးမို့။ပြီးတော့သူ့မှာအခုကတည်းကfanတွေရှိနေပြီ။
မယုံရင် ဘတ်စကတ်ဘောကွင်းရဲ့ပတ်ပတ်လည်ကိုကြည့်လိုက်။
နေပူကြီးထဲယပ်တောင်ကိုယ်စီ ၊
ရေဗူးကိုယ်စီကိုင်ပြီးစောင့်နေကြတဲ့မိန်းကလေးတွေ။တစ်ချက်တစ်ချက်သူလှည့်ကြည့်လိုက်ရင်အသံတွေကိုစုံလို့။
အာရုံစိုက်ခံရတာသဘောကျပေမယ့် မေမေမွေးကတည်းက
တည်တည်ကြည်ကြည်လေးမို့ ပြုံးတောင်မပြုံးမိ။
YOU ARE READING
99834
Fanfictionငါ့ဟာငါကလေးကိုမုန့်ပေးကြိုက်ချင်ကြိုက်မယ် ဒါပဲ! [Gyujin one shot story] /Unicode only/