၂၀၁၇၊စက်တင်ဘာလ
အဝေးသင်ကျူရှင်တွေပြန်ဖွင့်တော့မယ်။ assignmentတွေရေးရင်း ကျူရှင်တက်ရတော့မယ်။
လက်ထဲမှာလည်း တစ်ပြားမှမရှိဘူး ဒီနှစ်တော့အိမ်ကမတောင်းဘဲတက်မယ်လို့စဉ်းစားနေတုံး အမေ့မိတ်ဆွေတယောက်ရဲ့သားက game shop ဖွင့်မှာ cashier လိုတယ်တဲ့ အဲ့ဒါလုပ်မှာလား ကိုယ့်လာမေးတော့ ဝမ်းသာအားရနဲ့လုပ်မယ်ပေါ့ ။ တစ်ဖက်မှာလဲ စဉ်းစားမိတာ ကိုယ်ဆိုသည်မှာတသက်လုံးလူတောမတိုး၊လူကြောက်တဲ့ ရောဂါကလည်းရှိတယ်။ ငါဖြစ်ပါ့မလားဆိုပြီးတွေးပူမိတာပေါ့။ တဖက်မှာလဲ ငါတသက်လုံးဒီလိုနေသွားလို့တော့မရဘူး။လုပ်ကြည့်ရမယ်ဆိုပြီး တကယ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ မဖွင့်ခင် အစမ်းသွားသင်ရမယ်တဲ့ ဂိမ်းဆိုင်ဆိုတော့ တနာရီဆိုဘယ်လောက်၊နာရီတစ်ရာဆိုဘယ်လောက်ဆိုတာ computerထဲမှာ softwareရေးပြီးသား အဲ့ဒါကိုဘယ်လိုလုပ်ရလဲဆိုတာသွားသင်ရမယ်တဲ့ "မဖွင့်သေးဘူးထင်ပြီ စိတ်အေးလက်အေးနဲ့သွားတာပေါ့ ဆိုင်ရှေ့ရောက်မှ ဆိုင်ကယ်တွေကအများကြီးပဲ" "ဟ သေစမ်းဟေး" ရောက်ပြီးမှတော့ မဝင်လို့လည်း မရဘူးလေ။ကဲဟာဝင်ဟေး ကြောက်ကြောက်နဲ့ဝင်သွားပြီး ရုပ်တည်ကြီးနဲ့ "ကိုခန့် သမီးရောက်ပြီ"
ကိုခန့်ဆိုတာ ငယ်ငယ်ကတည်းရင်းနှီးခဲ့တဲ့အကိုကြီး အသက်ဆိုတာလည်း ကိုယ်နဲ့ဆယ်နှစ်မကကွာတယ်"
"ခဏ ထိုင်စောင့်အုံးနော် အစ်ကိုအလုပ်ရူပ်နေလို့"
"ဟုတ်"
အဝင်ပေါက်ရဲ့ ထောင့်နားက ခုံမှာသွားထိုင်နေလိုက်တယ် ဂိမ်းဆိုင်ဆိုတော့ အသံတွေကိုဆူညံနေလိုက်တာ။ ဆူညံရတဲ့အကြောင်းရင်းကလဲ ဒီနေ့က soft opening ဆိုတော့ free ပေါ့ကွယ်။ ဂိမ်းမာများ အကြိုက် ပျော်လိုက်၊အော်လိုက်နဲ့ ငါဝင်လာတာတောင်သတိထားမိကြမယ်မထင်ဘူး"ညီမလေး ရပြီ ဒီဘက်လာခဲ့ပါလား"
ကောင်တာနားကို ခေါ်ပြီးသင်ပြပေးကြတယ်။ ခက်ခဲတဲ့အရာတော့မဟုတ်ပါဘူး။ချက်ချင်းတက်လွယ်တယ်။ (၅)မိနစ်လောက်နဲ့ သင်ပြပေးလို့ပြီးသွားတော့ မနက်ဖြန်ကနေစပြီး အလုပ်ဆင်းရမယ်တဲ့"ဟုတ် အကို မနက်ဖြန်သမီး သင်တန်းပြီးတာနဲ့တန်းလာခဲ့ပါ့မယ်"
အဲ့ဒိီတုံးက ကိုယ်က ကွန်ပြူတာသင်တန်း သူငယ်ချင်းတယောက်ရဲ့အဆွယ်ကောင်းမူနဲ့ တက်ဖြစ်နေတာမနက်ဖြန်မနက် သင်တန်းသွားပြီး ပြန်လာတော့ အလုပ်ပထမဦးဆုံးဝင်ရမဲ့နေ့ဆိုတော့ ရင်တွေတောင်တုန်တယ်