မူရင်းစာသားက တုကူမိုဟန်က ဒီကမ္ဘာက တုကူမိုဟန်ဆီ ဘယ်လိုရောက်လာမှန်း သူမ နားမလည်နိုင်ပေ ။ သူမအရမ်းကို ပဟေဌိဖြစ်သွားတယ်။
ဒါဆို ဒီကမ္ဘာက တုကူမိုဟန်က ဘယ်ရောက်သွားတာလဲ။ လွမ်ချာချာသည် သူ့ရှေ့ရှိ ဟော့ပေါ့ကို ငေးမောကာ ကြောင်တက်တက် စိုက်ကြည့်နေသည်။
သူမ လက်ဖက်စိမ်းSystemကို ရုတ်တရက်ဖွင့်လိုက်ပြီး "နင် ဘယ်လိုလုပ်လိုက်တာလား"
အရင်က တစ်ခါမှ ပြန်မဖြေဖူးတဲ့ လက်ဖက်စိမ်းSystemကို မေးကြည့်တော့ တကယ်ပြန်ဖြေခဲ့တယ်။【လက်ဖက်စိမ်းSystemက ဇာတ်ကွက်ကို အနှောင့်အယှက် မပေးခဲ့ပါဘူး။ ]
လွမ်ချာချာ စိတ်ပျက်လက်ပျက်နှင့် အေးစက်သော သဲကန္တာရ မူရင်းတုကူမိုဟန်ကို တွေ့ကြုံခံစားခဲ့ရပြီး အရင်မိုဟန်ကို လွမ်းမိသလိုလိုဖြစ်ကာ ကမ္ဘာကြီးသည် အရင်ကနဲ့ အနည်းငယ် ခြားနားမှုရှိသည်ဟု ခံစားရသည်။
တုကူမိုဟန်၏ အပြောင်းအလဲများ ဤမျှကြီးမားလိမ့်မည်ဟု မမျှော်လင့်ထားဘဲ၊ တုကူမိုဟန်သည် ရှန်းရှကို လိုက်လျောမည်လားဆိုတာကို သူမ မသိပါ။
သို့ဆိုလျှင် သူမ၏ ဇာတ်သိမ်းသည် မူရင်းအတိုင်း ဖြစ်သွားမလား။ လွမ်ချာချာသည် ရုတ်တရက် နှလုံးခုန်လာပြီး လက်ဖက်စိမ်းSystemကို အမြန်ဖွင့်လိုက်သည်။
"တကယ်လို့ တုကူမိုဟန်ဟာ ရှန်းရှနဲ့ နောက်တစ်ကြိမ်ချစ်မိခဲ့ရင် ငါ့ရဲ့အဆုံးသတ်က ပြောင်းလဲမှာလား။" လွမ်ချာချာသည် သူမဘဝအတွက် စိတ်ပူသည်။
[Hostသည် မူရင်းဇာတ်သိမ်းမှုကို ဖယ်ရှားခဲ့ပြီးပြီ ] Systemထဲမှာ စကားလုံးတချို့ ပေါ်လာတယ်။
လွမ်ချာချာ သက်ပြင်းချလိုက်သည်။ ဤပျက်စီးနေသောSystemသည် ယုံကြည်စိတ်ချရသည်ဟု ယူဆရသည်။ သူမ၏ ဇာတ်သိမ်းသည် ပြောင်းလဲသွားသောကြောင့် သူမသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေရန် မလိုအပ်ပေ။ မူရင်း တုကူသဲကန္တာရက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ သူမ ကြောက်နေဖို့ မလိုပါဘူး။
လွမ်ယုကျိအတွက်တော့ သူသည် တုကူမိုဟန်ကို မစော်ကားသရွေ့ လွမ်ယုကျိတွင် ပါဝင်ရန် အချိန်ရှိမည်မဟုတ်ပေ။
YOU ARE READING
The Green Tea Female Partner With the Male Lead ( Complete )
RomanceThe novel written by: Author: (Tángguo Fěnfen) ဤဝတ္တုသည် Translation Novel တစ်ပုဒ်ဖြစ်ပါသည် ။ မူရင်းစာရေးသူနှင့် Eng Translationကို credit ပေးပါတယ် This is not my own creation, it is just a translation of the original. Credit to the original author