113.1) ရှိခိုးကောင်က သရုပ်ဆောင်နေချိန်မှာ စာဝါငှက်က နောက်ကနေ...

3K 404 36
                                    

Unicode

113.1 ရှိခိုးကောင်က သရုပ်ဆောင်နေချိန်မှာ စာဝါငှက်က နောက်ကနေ နှစ်ကြိမ်ကြည့်နေခဲ့တယ်။

(T/n_ မူရင်းစကားပုံကတော့ သိကြမယ်ထင် *ရှိခိုးကောင်က ပုဇင်းရင်ကွဲနောက်ကိုလိုက်နေချိန် အနောက်မှာရှိနေတဲ့ စာဝါငှက်ကိုသတိမထားမိဘူး*

Double update နော် noti မတက်ဘူးဖြစ်နေရင်း ဒါကိုထပ်တင်ကြည့်လိုက်တာ :3)

ရှန်ချင်းရှု:????!!!!

မဟုတ်ဘူးလေ ။  မင်းဘာတွေပြောနေတာလဲ?!

ငါတို့တွေက သူငယ်ချင်းဆိုတဲ့ဇာတ်ညွှန်းထဲမှာရှိနေတာ မဟုတ်ဘူးလား?  မင်းက ဘာလို့ ရုတ်တရက်ကြီး ရိုမန့်ဇာတ်ညွှန်းပြောင်းပစ်ရတာတုန်း!!!

သရုပ်ဆောင်ကျွမ်းချက်ပဲ!

နောက်ပြီး ဟန်ချောင်က မင်းထက် ရှစ်နှစ်လေးပဲကြီးတာပါနော်။ သူက ဘာလို့ လူအိုကြီးဖြစ်ရမှာလဲ???

မင်းက သူ့ကိုဒေါသထွက်အောင်လုပ်နေတာပဲ!

"မင်းအထင်လွဲနေပြီ"
ရှန်ချင်းရှု မသိမသာလေး မျက်လုံးမှိတ်ပြလိုက်တယ်။

"ငါက မင်းကို သူငယ်ချင်းလိုပဲသဘောထားတာ"

ဇာတ်ညွန်းကို မြန်မြန်လေးပြောင်းလိုက်တော့!

မင်းရဲ့ အစစ်အမှန် IDဆီကိုပြန်သွားလိုက်ပါတော့ ချစ်သောရေ!

သို့ပေမဲ့ ပိုင်ရွှယ်ကောကတော့ ထိုစကားကို သူ့ရဲ့ဇာတ်ညွှန်းထဲမှ ငြင်းဆန်တဲ့စာသားပဲလို့ ထင်သွားကာ သူ့ရဲ့ပုခုံးကိုဆုတ်ကိုင်ပြီး ဝမ်နည်းမှုအပြည့်နဲ့ပြောလေတယ်။

"ဘာလို့လဲ? မင်း ဘာလို့ ငါ့ကိုမရွေးရတာလဲ? မင်း အရင်တုန်းကတော့ ဘယ်လိုတွေပြောခဲ့လဲ? မင်း ငါ့ကို ညီငယ်လေးလိုမျိုး ဆက်ဆံခဲ့တယ်.. အခု ငါအရွယ်ရောက်နေပြီလေ.. မင်းက သူငယ်ချင်းလိုမျိုးပဲ ဆက်ဆံမှာလို့ပြောနေပြန်ပြီ.. မင်း ငါ့ကိုလက်ခံဖို့ ဒီလောက်တောင် ခက်ခဲနေတာလား"

ရှန်ချင်းရှု:....

သူဘာတွေများပြောနိုင်ဦးမှာလဲ?

ကောင်းပြီလေ။ မင်းက မင်းကိုယ်မင်း ဒရမ်မာထဲမှာ ဒီလောက်ထိနှစ်မြှပ်ချင်နေမှတော့ နောက်ကလိုက်ပေးဖို့ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now