Part...34

950 47 20
                                    

For Unicode

"ကျွန်တော့်ဆရာ နောက်ဆုံးတော့ သားဖြစ်သူနဲ့ ဆုံရပြီပေါ့..."

ခနဲ့တဲ့တဲ့လေသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပကတိတိတ်ဆိတ်သွားခဲ့သည်။
လူကြီးဖြစ်တဲ့ မစ္စတာလီကတော့ မေးရိုးများတင်းသည်အထိ အံကြိတ်ထားရင်း ရှက်ရွံ့စွာနဲ့ သက်ပြင်းတို့ အထပ်ထပ်ချသည်။ဂျောင်ဟိုဆော့ကတော့ ဂျောင်ကုနဲ့အတူ အကြည့်ချင်း အားပြိုင်နေ၏။

ဧည့်သည်တွေ အားလုံးပြန်သွားသည့်အခါ ဂျောင်ကု မျက်စိရှေ့မှာ ရှိနေသည့်စာရင်းဇယားတွေအကုန်လုံးကို လက်နဲ့တိုက်ချရင်း ပြန်ကြဲသွားအောင် လွတ်ချလိုက်မိသည်။

ဒီနေရာသာ ဆေးရုံမဟုတ်ခဲ့ရင် သူအာခေါင်ခြစ်ပြီး အော်ဟစ်မိမလားမသိနိုင်။

"ဂျောင်ကု...မင်းဒဏ်ရာက အနာမကျက်သေးဘူးနော် ဘာလို့စိတ်လိုက်မာန်ပါလုပ်ရတာလဲ"

ဂျောင်ကုကို လက်နှစ်ဖက်မှ ချုပ်ကာ ထယ်ယောင်း စိုးရိမ်စွာ ဆူပူလိုက်မိပါ၏။

ရေစက်တွေက မပြတ်နိုင်သေးတော့ သံဆူးကာထားတဲ့ ဒဏ်ရာအထပ်ထပ်နဲ့ နှလုံးသားတွေအတွက် အချင်းချင်းဖက်တွယ်ရပြန်သည်။

"ကိုယ်အလုပ်ထွက်မယ် Amber... ကိုယ်အဲ့အလုပ်ကထွက်တော့မယ်"

လှုပ်လှုပ်ရွရွဖြစ်လာတာကြောင့် အောင့်မျက်လာပုံရသည့် ဗိုက်အား အနာသက်သာစေရန် ဂျောင်ကု ခါးကိုခပ်ကုန်းကုန်းလုပ်ကာ အသက်ပါအောင့်ထားမိသည်။

"နာတယ် Amber"

ထယ်ယောင်းရဲ့ စိတ်အစဉ်ဟာ အလုပ်ထွက်မယ်ဆိုသည့် ဂျောင်ကုစကားတွေအပေါ် ကျရောက်မနေခဲ့ပါ။ ဂျောင်ကုအလုပ်ထွက်ခြင်းမထွက်ခြင်းက သူနဲ့မသက်ဆိုင်သလို ဂရုလည်းမစိုက်။
သူ့စိတ်တွေဟာ ပြောင်းလဲသွားပြန်သည့် နာမတွေအပေါ်သာ အလုံးစုံကျရောက်နေခဲ့သည်။

အကယ်၍များ၊ အကယ်၍များ တစ်ယောက်တစ်လမ်းစီ လျှောက်လှမ်းရမယ့် အနေအထားသာဖြစ်လာခဲ့မယ်ဆိုရင် ဟိုးအဝေးတစ်နေရာကို ပြောင်းရွေ့ပြီး သာမန်ကျူတာလေးတစ်ယောက်အဖြစ် ဘဝကိုအေးချမ်းစွာဖြတ်သန်းမည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Where stories live. Discover now