1

516 30 4
                                    

'At Tuesday morning'

Junkyu တစ်ယောက်သူ့အစ်ကို လာနိုး၍နိုးလာသည် ။
အချိန်ကြည့်လိုက်တော့ 7နာရီထိုးနေပြီဖြစ်သည် ။

"Junkyu Ya Kim Junkyu"

သူ့အစ်ကို Hyunsuk တစ်ယောက် သူ့ညီကို အိမ်အောက်ကနေ ထပ်အော်နေခြင်း ။

"ထပြီ ဟျောင်း"

ဟုဆိုကာ အိပ်ရာပေါ်မှထလာသောကောင်လေး ရေချိုးခန်းထဲဝင်
သွားတိုက်ပြီး ပြန်ထွက်လာသည် ။အိမ်အောက်ထပ်ကိုဆင်းလာတော့ သူ့အစ်ကိုက စားပွဲပေါ်တွင် စားချင်စရာကောင်းသော စားစရာများတင်ထားသည် ။

"မြန်မြန်လာစား အော် ဒါနဲ့ မင်းဒီနေ့ကျောင်းစတက်မဲ့နေ့မလား"

"ဟုတ်တယ် ဟျောင်း"

"အွန်း စားပြီးရင် ပြင်ဆင်ပြီး ဆင်းလာခဲ့ ဟျောင်းကားနဲ့လိုက်ပို့ပေးမယ်"

"ရတယ် ဟျောင်း ပထမဆုံးနေ့ဆိုတော့ ကိုယ့်ဖာသာကိုသွားလိုက်မယ်"

"အင်းပါ ဂရုစိုက်သွားနော်"

"ဟုတ် ဟျောင်း"

ဒီလိုနဲ့ Junkyu လည်းပြင်ဆင်ပြီးထွက်လာခဲ့သည် ။

"ဟူးးးး"

Junkyu တစ်လမ်းလုံးသက်ပျင်းချလာသည် ။ ပထမဆုံး ကျောင်းစတက်မဲ့နေ့ဆိုတော့ သူစိတ်လှုပ်ရှားသည် ။ ထိုအခါတွင် ဂျွန်ဂယူ ကားတစ်စီးကြောင့်လဲကျသွားသည် ။ ကားက အရှိန်သိပ်မပျင်းတာမို့  ဂျွန်ဂယူ လဲကျသွားယုံသာ ။ တော်သေးတာပေါ့ ။ ထိုအခါတွင် ကားပေါ်က လူနှစ်ယောက်ဆင်းလာသည် ။ ဂျွန်ဂယူ ထင်မိတာတော့ ညီအစ်ကိုလို့ထင်မိသည် ။

"အဆင်ပြေရဲ့လားဟင်"

ဟုပြောလာသော ကောင်လေးသည် အရမ်းကို ချောမောသည် ။ ဘယ်သူလဲဆိုတော့..... ။

"အွန်း ပြေပါတယ်"

ဂျွန်ဂယူ အဲ့လိုပြောပြီးညမတ်တပ်ကောက်ရပ်လိုက်သည် ။

"ကိုယ့် နာမည်က Jihoon ပါ Park Jihoon.."

"ကျွန်တော့ နာမည်က Haruto Watanabe Haruto"

သူတို့ နှစ်ယောက်လုံးက ချောသည် ဆိုတာ Junkyu ဝန်ခံပါသည် ။

"ကျွန်တော်က Junkyu Kim Junkyu ဒါနဲ့ ညီအစ်ကိုတွေလားဟင်"

"မဟုတ်ပါဘူး ကျွန်တော်တို့က သူငယ်ချင်းတွေပါ"

ဟု ဂျွန်ဂယူ့အမေးကို ဂျီဟွန်း ပြန်ဖြေလိုက်သည် ။

"အော် ‌ဒါနဲ့ ကျွန်တော် ကျောင်းတူတယ်ထင်တယ် ကျောင်းဝတ်စုံတွေတူနေတယ်"

"ဟုတ်လောက်တယ် ကျွန်တော်တို့နဲ့တူတူသွားမလား ကျောင်းသားသစ်ထင်တယ်"

ဟု ဟရူတိုပြောလိုက်သည် ။

"ဟုတ်တယ် သွားမယ်လေ"

ဆိုကာ သုံးယောက်လုံး ကားပေါ်တက်ပြီး ဂျင်ဂျူ ကျောင်းကြီးဆီသို့......
.
.
.
.
Part 1 လေးပြီးပါပြီနော် မနက်ကျထပ်အပ်ပေးပါ့မယ် ဖတ်မယ်သူမရှိလောက်ဘူးထင်တယ်🥹

(Story By Millie💗)

School Romantic💎💗Where stories live. Discover now