"တကယ်ကြီးလက်မလျှော့သေးဘူးလား"
"ဒီတစ်ခေါက်ဆို ဆယ်ကြိမ်မြောက်လား၊ဆယ့်တစ်ကြိမ်မြောက်လား။"
"ဘယ်ကမလဲ။ ငါတို့မသိအောင်လဲ အကြိမ်ကြိမ်ဖွင့်ပြောခဲ့နိုင်တာဘဲလေ။"
တစ်ယောက်တစ်ပေါက်နဲ့ကောက်ချက်ချနေတဲ့ စကားသံတွေကို တစ်ယောက်သောသူကြားရင်တော့ စိတ်ညစ်နေလောက်မယ်လို့ဂျောင်ဂုတွေးမိသည်။ သူအနည်းငယ်တော့ စိတ်ညစ်မိသွားတာအမှန်။ ဒီနေ့မှာလဲသူအငြင်းခံရဖို့ ရာခိုင်နှုန်းများသည်။
စစ်မရောက်ခင်မြားကုန်တတ်သူမဟုတ်ပေမယ့် သူရောက်နေတာက သူ့ထက်အငယ်နှစ်ယောက်ရဲ့ မင်္ဂလာဆောင်။ သူများတကာရဲ့ အထွဋ်အမြတ်နေ့စွဲလေးနဲ့ အကြာကြီးနေမှပြန်ဆုံဖြစ်ကြတဲ့ အပေါင်းအဖော်တွေရဲ့ အမှတ်တရတွေကို "ဂျွန်ဂျောင်ဂု ထပ်အငြင်းခံရပြန်ပြီ" ဆိုတဲ့မှတ်သားရာတစ်ခု ပါမသွားစေချင်ပါ။
သူကအငြင်းခံရတာကို ဒဏ်ရာလှလှလေးအဖြစ် သိမ်းထားတတ်ပေမယ့် သူ့အတွက်မရှိမဖြစ်လေး စိတ်ညစ်မှာကိုတော့ ကြောက်ပြန်ပါသည်။
"Hyung ဒီမှာဘဲဒီအတိုင်းထိုင်နေမှာလား။ သတို့သားတွေကို သွားနှုတ်ဆက်ဦးလေ။"
ရွှံ့နောက်နောက်အသံနဲ့ သတိပေးခြင်းဖြစ်တာကြောင့် သူ့ရဲ့အနဂ္ဃရတနာလေးအပေါ်စိတ်ရောက်မှုကို လှောင်စရာလုပ်ကြပြန်မှန်း ဂျောင်ဂုသဘောပေါက်လိုက်သည်။ သို့သော်ငြား စိတ်မဆိုးရက်။ ဒါဟာသူနဲ့ဒီကလေးတွေကြားက နွေးထွေးတဲ့မေတ္တာကြိုးလေးတွေကို သွယ်ဆက်ထားတဲ့အကြောင်းအရင်းဘဲ။
"ခဏသွားလိုက်ဦးမယ်ကွာ။ သူလာရင်နေရာဦးထားပေးကြ။"
သူ ဆိုတာဘယ်သူ့ကိုရည်ရွယ်မှန်း ဂျောင်ဂုရဲ့ဂျူနီယာတွေနဲ့အတန်းဖော်အကုန်က ကောင်းကောင်းသိလေသည်။ စိတ်ချပါဆိုတဲ့အပြုံးတွေနဲ့ ဝိုင်းမှာထိုင်ကျန်ခဲ့တဲ့အငယ်တွေကို ခဏတာကျောခိုင်းပြီး သတို့သားတွေဆီ ထွက်သွားမိတယ်။
လောကကြီးက ရတာတွေလိုလားမလိုလားသိပေမယ့် သူ့ရဲ့အပြင်းပြဆုံးတစ်ခုတည်းသော လိုအပ်ချက်ကိုတော့ မဖြည့်ဆည်းပေးတာ အတော်ကြာပြီဖြစ်သည်။ ဖြည့်ရောဖြည့်ဆည်းပေးပါတော့မလား။