"ချစ်သူသိစေ.......❤"
အပိုင်း (၄)
"ဟင်.....ဒါဆိုဝမ်ရိပေါ်က မင်းရှာနေတဲ့
ကလေးပေါ့။ ဒါဆို ဟောက်ရွှမ်း က.....""တောက်........"
"ဟျောင့်....အဲ့တာဘယ်လဲ။ ဒုက္ခပါဘဲကွာ"
သူ့အမေးကိုပြန်မဖြေဘဲ ဒေါသထွက်စွာ
တောက်ခေါက်ပြီး အိမ်ထဲကထွက်သွား
တဲ့ရှောင်ကျန့်ကို ကျန်းချန်လှမ်းတားချိန်
တောင်မရလိုက်ပါ။ ရှောင်ကျန့်ရဲ့ဒေါသနဲ့
လက်ဆကို ကောင်းကောင်းသိနေတဲ့ ကျန်းချန်ဟာဟောက်ရွှမ်း အစားမျက်ခုံးလှုပ်နေလေ၏။"ဟင်...သားလေး။ ပါးဆီလာတာလား"
အိမ်ထဲကိုဝင်လာတဲ့ သားဖြစ်သူကိုတွေ့လိုက်ရတာကြောင့်ရုတ်တရတ် ရှောင်ပါးဝမ်းသာသွားမိပေမဲ့ တင်းမာခက်ထန်နေတဲ့ ရှောင်ကျန့်ရဲ့မျက်နှာကြောင့် အခြေအနေကိုသဘောပေါက်သွားပြီးရှောင်ပါးရဲ့ ပြုံးနေတဲ့မျက်နှာလေးကပြန်တည်သွားမိသည်။
"ဟောက်ရွှမ်း ဘယ်မှာလဲ......"
ဩဇာပြင်းလွန်းတဲ့ ရှောင်ကျန့်ရဲ့အသံဟာ
တည်ငြိမ်ပြတ်သားစွာ ထွက်လာသည်။
ရှောင်ပါးကိုမေးလိုက်သည်ဆိုပေမဲ့ ရှောင်
ကျန့်ရဲ့အမေးကိုပြန်ဖြေလာသူက အိမ်ပေါ်
ကဆင်းလာတဲ့ဒေါ်ချင်းစုသာ ဖြစ်လေ၏။"ငါ့သားကို ဘာလုပ်ဖို့မေးေနတာလဲ"
"ဘာလုပ်ရမှာလဲ။ ခများရဲ့မျိုးမစစ်သားက
ကျုပ်အပိုင်ကို လုယူထားလို့ စာရင်းလာရှင်းတာ""အောင်မာ....နင်ကများငါ့သားကို မျိုးမစစ်ဘူးပြောနေရအောင် နင်ကရောဘယ်လောက်များမျိုးစစ်နေလို့လဲ"
"ချင်းစု...ဘာလို့သားနဲ့ပြိုင်ပြီး ပြောနေရတာလဲ"
တင်းမာလွန်းတဲ့ အခြေအနေကြောင့် ရှောင်ပါးကြားထဲကဝင်တားရတော့သည်။ သို့ပေမဲ့
ရှောင်ကျန့်ကလဲ အလျှော့မပေးတက်သူပီပီ
ဒေါ်ချင်းစုရဲ့အပြောကို တခွန်းမခံပြန်ပြော
လိုက်၏။"ကျုပ်ကမျိုးစစ်တယ်။ ဘာလို့လဲဆိုတော့
ကျုပ်အမေက ခများလိုသူများယောကျာ်းကို
အပိုင်မကြံဘူး။ကျုပ်ကလဲ ခများသားလို
သူများအပိုင်ကို အောက်တန်းစားဆန်ဆန်
လုမယူထားဘူး"