"ချစ်သူသိစေ.......❤"
အပိုင်း (၅)
"အား....ကျစ်ကျစ်...."
ပြတင်းပေါက်ကနေဖြာကျလာတဲ့ နေရောင်
ခြည်ဟာရိပေါ်ရဲ့မျက်နှာထက်ကို ကျလာသည်မို့ရိပေါ်နိုးလာခဲ့သည်။ တဒိန်းဒိန်းနဲ့ကိုက်ခဲနေတဲ့ခေါင်းကြောင့် သူ့နားထင်ကိုလက်ကလေးနဲ့ထောက်ကာညီးလိုက်မိ၏။ လေးလံနေတဲ့သူ့ရဲ့မျက်လုံးအစုံပွင့်ဖို့ကို အတော်အားယူပြီးဖွင့်လိုက်ရသလို ရိပေါ် မျက်လုံးတွေပွင့်လာတဲ့အချိန်မှာတော့ သူနဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို မြင်လိုက်ရတာကြောင့် သူ့ရဲ့မျက်ဝန်းအစုံဟာပြူးကျယ်သွားပြီး ချက်ချင်းဆိုသလို ငုတ်တုတ်ထထိုင်လိုက်မိသည်။"ဟင်......ဒါဘယ်နေရာလဲ......."
ရိပေါ်အခန်းထဲကို မျက်လုံးဝေ့ကြည့်ရင်းမနေ့
ကဖြစ်ခဲ့တဲ့ပုံရိပ်တွေဟာ သူ့ခေါင်းထဲကိုအစီ
အရီပေါ်လာ၏။ ညနေကျောင်းဆင်းချိန်တွင်
ကျောင်းရှေ့ကအုတ်ခုံမှာ ဟောက်ရွှမ်းအလာကိုထိုင်စောင့်နေတုန်း သူ့ရှေ့ကိုကားတစီးရောက်လာပြီးကားပေါ်ကို အတင်းဆွဲတင်ခဲ့လေသည်။ရိပေါ်အတင်းရုံးခဲ့ပေမဲ့ နှစ်ယောက်တယောက်မို့အားချင်းမမျှတာ
ကြောင့် မရုံးသာခဲ့ပါ။ ရိပေါ်ကားပေါ်ရောက်သည်နှင့် မေ့ဆေးပါတဲ့လက်ကိုင်ပဝါနဲ့ သူ့နှာခေါင်းကိုအုပ်လိုက်သည်ဖြစ်၍ရိပေါ်ရဲ့ မျက်လုံးတွေဟာ အမှောင်အတိဖြစ်ခဲ့ရလေသည်။ ရိပေါ်အဖြစ်အပျက်တွေကို
သတိရလာပြီး အရမ်းကြောက်နေမိသည်။
ချက်ချင်းဆိုသလို ကုတင်ပေါ်ကဆင်းကာ
တံခါးပေါက်ကိုဆွဲဖွင့်လိုက်ပေမဲ့ အပြင်ကသော့ခတ်ထားသည်ကြောင့် တခါးကပွင့်
မလာခဲ့ပါ။ရိပေါ်အရမ်းကြောက်လာသည်မို့ အသက်ရှုသံတွေမြန်လာပြီး နှုတ်ခမ်းထူအိအိလေးဟာလဲတဆက်ဆက်တုန်လို့လာသည်။ ရိပေါ်လဲ အကူညီ ရလိုရညားမျှော်
လင့်ချက်လေးနဲ့ တုန်ယင်နေတဲ့လက်ကလေးကိုခပ်ဖွဖွဆုပ်ရင်း သူ့လက်သီးဆုပ်လေးနဲ့
တံခါးကိုထုကာ အြပင်ကလူကို အကူညီတောင်းမိတော့သည်။ဒုန်း...ဒုန်းဒုန်းဒုန်း ....
"ကယ်...ကယ်ပါအုံး။ ကျွန်တော်အထဲမှာ
ပိတ်မိနေလို့ တယောက်ယောက် ကယ်ပေးပါ။အင့်....ဟင့် အီးဟီး...... ဟင့်ဟင့်......