"ချစ်သူသိစေ........❤"
အပိုင်း (၇)
"ရိပေါ်လေး.....ကလေးလေး ထတော့လေ။
အဖိုးတောင်နိုးနေပြီ။ လူကြီးတွေစောင့်နေရ
ရင်အားနာစရာကြီး ထတော့နော်""အင်းပါ.....ထပါပြီလို့။ ဘာမှန်းလဲမသိဘူး "
သူ့ကိုဇွတ်အတင်းလှုပ်နိုးနေလို့ အလိုမကျစွာ
အိပ်ချင်မူးတူးနဲ့ထထိုင်ပြီး နှုတ်ခမ်းလေးစူကာပြောလာပေမဲ့ မျက်လုံးကတော့ မပွင့်သေးပါ။မသိရင်သူကဘဲ တညလုံးအိပ်ရေးပျက်ထားတဲ့လူလိုပင်။ တညလုံးကောင်းကောင်းမအိပ်ရသေးတဲ့ရှောင်ကျန့်ကတော့ နောက်ကျိနေတဲ့ခေါင်းကြောင့်သံပရာရည်ဖျော်သောက်ထားရ၏။
ရှောင်ကျန့်လဲ ခုထိမျက်လုံးမပွင့်သေးတဲ့
ရိပေါ်လေးကို ချီလိုက်ပြီရေချိုးခန်းထဲခေါ်သွားလိုက်သည်။ ထိုအခါမှ အလန့်တကြားနဲ့မျက်လုံးပြူးလာတဲ့ရိပေါ်လေးရယ်ပါ။ ရိပေါ်ရဲ့လက်တွေဟာလဲရှောင်ကျန့်ရဲ့ လည်ပင်းကိုတင်းကျပ်စွာဖက်ထားလေ၏။ သူပြုတ်ကျမှာတော့ ကြောက်ရှာသားဘဲ။"လာကလေး....ဒီမှာကလေးအတွက် အကျီထုတ်ထားတယ်။ကိုယ်အဖိုးဆီ ခဏသွားလိုက်အုံးမယ်နော်"
"ဟုတ်ပါ......"
အဖိုးအခန်းရှေ့ရောက်တော့ ရှောင်ကျန့်တခါးခေါက်လိုက်ပြီးအထဲက အဖိုးရဲ့ခွင့်ပြုချက်ရသည်နှင့်အခန်းထဲဝင်မယ်အလုပ် ရိပေါ်ရဲ့အော်ခေါ်သံကြောင့်နောက်ပြန်လှည့်လာခဲ့ရပြန်သည်။ရှောင်သခင်ကြီး ကတော့မြေးဖြစ်သူကိုကြည့်ပြီးသဘောကျစွာ ရယ်လိုက်ပါ၏။
"ကိုကိုရေ........."
"ကလေးဘာဖြစ်လို့လဲ....."
ဘောင်းဘီကိုကိုင်ကာ နှုတ်ခမ်းကိုတထောင်
လောက်ဆူပြီးရှောင်ကျန့်ကို မျက်စောင်းထိုး
ကြည့်နေတဲ့ရိပေါ်ဟာ ဘာတွေအလိုမကျမှန်း
မသိပါ။"ဘာဖြစ်ရမှာလဲ။ ဒီမှာလေ ဘောင်းဘီက
ခါးေချာင်နေတဲ့ဟာကို။ ရိပေါ်ဘယ်လိုဝတ်
ရမှာလဲလို့......""ဟင်.....ဟုတ်လား"
ရှောင်ကျန့်ကြည့်လိုက်တော့ အရမ်းမချောင်ဘဲခါးပတ်နဲ့ပတ်လိုက်ရင် အဆင်ပြေတာကြောင့်ရိပေါ်ကိုဘောင်းဘီဝတ်ပေးပြီး သူ့ခါးပတ်ကိုပတ်ပေးလိုက်၏။