"ချစ်သူသိစေ.......❤"
အပိုင်း (၈)
"ကိုကို......ဒီနေ့ကျောင်းမသွားလို့်ရလားဟင်"
"ဟင်.....ဘာလို့လဲ ကလေး။ နေမကောင်း
လို့လား""ကောင်းပါတယ် ကိုကိုရဲ့။ ဟို.....ရိပေါ်က
ကိုကိုနဲ့ Dateချင်လို့။ ရိပေါ်တို့က ချစ်သူ
အဆင့်ကိုကျော်ပြီး စေ့စပ်ခဲ့ကြတာမလား။
အဲ့တာကြောင့် ရိပေါ်ကသူများအတွဲတွေလို
ကိုကိုနဲ့ Dateချင်တာ.....နော်.....""ဟားဟား.....ဟုတ်ပါပြီဗျာ။ မနက်ဖြန်ကျရင်
တော့ကျောင်းသွားရမယ်နော် ဟုတ်လား""ဟုတ်ဟုတ် ......ဟီး။ ကိုကိုက အကောင်းဆုံး"
လက်မလေးတထောင်ထောင်နဲ့ပြောပြီးပျော်
နေတဲ့ရိပေါ်လေးကိုကြည့်ပြီး ရှောင်ကျန့်လဲ
ကြည်နူးမိပါသည်။ အဝတ်အစားလဲပြီး
နှစ်ယောက်သားအပြင်ကိုထွက်လာကြ၏။"ကဲ.....ဘယ်ကိုအရင်ဆုံး သွားချင်လဲဗျ"
"ဟိ.....ဒီတိုင်းကားလျှောက်စီးချင်တယ်"
"Ok baby......"
ရှူခင်းလှမယ်ထင်တဲ့နေရာလေးတွေကို
ရှောင်ကျန့်မောင်းလာလိုက်သည်။ အမိုးဖွင့်
ကားပေါ်မှာရိပေါ်လေးဟာ မျက်လုံးလေးမှိတ်ပြီး လက်ကလေးနှစ်ဖက်ဆန့်ကာ လေညှင်းခံနေလေရဲ့။ ပါးစပ်ကလဲအငြိမ်မနေဘဲ ပေါက်ကရသီချင်းတွေဆိုနေတာကြောင့် ရှောင်ကျန့် သဘောကျစွာရယ်နေလေ၏။
ဒီဟာလေးက တနေ့တမျိုးမရိုးရအောင်ချစ်ဖို့ကောင်းအောင်လုပ်ပြနေတော့ရှောင်ကျန့်မှာ အသဲတယားယားရယ်။"ရိပေါ်လေး ထိုင်တော့လေ။ မညောင်းသေး
ဘူးလား""မညောင်းပါဘူး။ ပျော်တောင်ပျော်ေသးတယ်။နောက်ရက်တွေလဲ ဒီလိုလျှောက်လည်လို့ရလား"
"ကျောင်းပိတ်ရက် ဆိုရင်တော့ရတယ်"
"ဟွန့်......."
ဒီကလေးဘာပြောချင်တယ်ဆိုတာ ရှောင်ကျန့်မသိဘဲနေရိုးလား။ ကျောင်းပျင်းလေးက
နောက်ရက်တွေလဲ ကျောင်းပျက်ပြီးခုလိုလည်ရအောင်လို့ ပြောချင်နေမှန်းသိလို့ ရှောင်ကျန့်ကြိုပိတ်ပြောလိုက်တော့ နှုတ်ခမ်းကိုတထောင်လောက်ဆူပြီး မျက်စောင်းထိုးလာတဲ့ရိပေါ်လေး။ကားလျှောက်စီးလို်ဝတော့ ရိပေါ်လေးဟာဗိုက်ဆာလာလေပြီ။