"တစ်နှစ်ခွဲလောက်ပဲကြာမှာကို JKရာ"
JKလို့ခေါ်ရင် ကျွန်တော်ပိုသဘောကျမှန်းသိတဲ့ hyungက ကျွန်တော့်ကို ကြောင်လေးလိုတွယ်ကပ်ပြီး ချွဲရင်းချော့လိုက် ခွေးပေါက်လေးတွေလို ချစ်ဖို့ကောင်းအောင် အမျိုးမျိုးလုပ်ပြပြီး ချော့လိုက်နဲ့ တောက်လျှောက်လိုက်ကပ်ပြီး ချော့ရှာတယ်။
ကျွန်တော် hyungရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး hyungရဲ့သက်ဆိုင်သူတစ်ယောက်အနေနဲ့ hyungအတွက် သိပ်ဂုဏ်ယူတာပေါ့။ဒါပေမဲ့...ဒါပေမဲ့လည်းဗျာ..
"hyung ရဲ့မွေးနေ့"
"..."
"hyungရဲ့မွေးနေ့မှာ ကျွန်တော့်မွေးနေ့မှာ အတူရှိပေးခဲ့ လက်ဆောင်တွေဖန်တီးပေးခဲ့သလိုမျိုး ကျွန်တော်လုပ်ပေးချင်သေးတာလေ...ခုတော့ မွေးနေ့တောင်မရောက်သေးပဲ..."
ပြောနေရင်းနဲ့ကို တွေးမိပြီး၀မ်းနည်းလာတော့ ကျွန်တော့်အသံက အဖျားမှာ တိမ်၀င်သွားတယ်။
"ဪ ဒါလေးများ..."
"မဟုတ်သေးဘူး။hyung ပျော်သည်ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ hyungရဲ့ စိတ်အတက်အကျနေ့ရက်တိုင်းမှာ ကျွန်တော်က အနားမှာအမြဲ ရှိနေပေးချင်တာလေ။"
ဒါလေးများဆိုပြီး ဟိုလိုပြောဒီလိုပြောပြောပြီး နှစ်သိမ့်တော့မဲ့ hyungက ကျွန်တော့်နောက်ထပ်စကားမှာ တစ်ချက်တော့ ငြိမ်ကျသွားတယ်။ကျွန်တော်သိတာပေါ့ hyungလည်း ကျွန်တော်နဲ့ထပ်တူပဲဆိုတာ။
"မင်းဘာကို စိုးရိမ်နေတာလဲJKရာ hyungက စိတ်တက်လိုက်ကျလိုက်ဖြစ်ချိန်တောင်ရမှာမလုပ်ဘူး ဟိုထဲကိုရောက်ရင် ။တာ၀န်ထမ်းဆောင်နေရတာနဲ့ပဲ နေ့ရက်တွေက ခပ်မြန်မြန်ကုန်ဆုံးသွားမှာပါ။"
hyungပြောသလို ခပ်မြန်မြန်ကုန်ဆုံးဖို့ဆိုတာ ကျွန်တော်လက်ချိုးရေရင်း စောင့်ရမဲ့ နေ့စွဲတွေဗျ။ဒီနေ့အမြန်ကုန်ဆုံးပြီး နောက်ရက်အမြန်ရောက်ဖို့ စောင့်မျှော်ရတဲ့သူတစ်ယောက်အတွက် ဘယ်လောက်ပင်ပန်းလဲ hyung မသိလို့လား။
ဟင့်အင်း hyungသိပါတယ်။ အဖြူရောင်ပုလဲတွေ မြေမခဖို့ထိန်းနေတဲ့ hyungမျက်၀န်းတွေက သက်သေပဲ။