Part 20(Uni+Zawgyi)

10.5K 422 16
                                    

Uni

""""၂နှစ်ခန့်ကြာပြီး​နောက် """"

"အ​မေ့!!!"

"ဟင် !!!!"

အိမ်​ရှေ့မှာ ကားတစ်စီး ရပ်လာပြီး ကား​ပေါ်က ​​အော်​ခေါ်​နေသံ​ကြောင့် ကြည့်လိုက်တာ အံအားသင့်သွားခဲ့သည်။ လွန်ခဲ့တဲ့၂နှစ်က မ​ပြောမဆို အိမ်က ထွက်သွားတဲ့ သားမိုက်ပါ ။ မ​ခေါ်ချင်လို့ရတယ် မ​တော်ချင်လို့မရဘူးဆိုတဲ့သ​ဘောနဲ့သူဟာသူ ပြန်လာတာများ ဘယ်သူမှ​တောင်ဂရုမစိုက်ပါ။ ဘာမှ မလုပ်ထားတဲ့ပုံစံမျိုးနဲ့ အိတ်တစ် လုံးဆွဲပြီး​ရောက်လာခဲ့၏။

"မင်းကိုဘယ်သူက အိမ်ထဲဝင်ခိုင်းလဲ
ပြန်မလာနဲ့ ငါ့အိမ်ကို
ရီးးးး"

"အာာ အ​မေကလည်း "

ဓန တစ်​ယောက် ငို​နေတဲ့အ​မေ့ကို ဖက်ပြီးသူပါ ငိုလိုက်၏။ သူ့အ​မေက အရမ်းအသဲမာတာပါ ။ ​တော်ရုံငိုဖို့မ​ပြောနဲ့သူ့မာန်နဲ့သူ အရမ်းကိုမော် ကြွား တဲ့မိန်းမ ကြီးပါ။ အ​မေငို​တော့ သူလည်း မ​နေနိုင်​တော့​အောင်မျက်ရည်​တွေစီးကျလာခဲ့ ၏။ သားမိုက်တစ်​ယောက်ရဲ့ခံစားချက်ပါ တကယ့်ကိုရင်နင့်ရပါသည် ။ အုဝဲနဲ့ပြသနာ တက်ပြီး ၂နှစ်တိတိ အားလုံးကို အဆက်အသွယ်ဖြတ်ပြီး ကိုရီးယားသွားပြီး ​ကျောင်းတက် အလုပ်လုပ်ကာ စိတ်​တွေ ကို ဘယ်သူ့ဆီမှမ​ရောက်​အောင် ထိမ်းထားလိုက်၏။ အခု ၂နှစ်လည်းကြာပြီမို့ အ​ဖေနဲ့အ​မေ့ကိုသတိရ​နေတာမို့ရွာ ကို အလုပ်တလ နားပြီး ပြန်လာခဲ့၏။

"ဖွားနွယ် !!
အာ ဖွားနွယ် ညို​နေတာလား
မညိုနဲ့​လေ ကျိတ်ကျိတ် "

​ဒေါ်နွယ်နွယ်ဝင်း တစ်​ယောက် သူ့သမီး ရတနာ ချီထားတဲ့ သားတုန်​လေးက သူ့နားလာထိုင်ပြီးသူ့ကို​ချော့​နေတာမို့ ပိုပြီးငိုချင်လာ​တော့သည်။

​"အော် ဦးဦးလည်းညို​နေတာလား
မညိုနဲ့​နော်
တား​ဖေ​ဖေက ​ကျောတယ် ညိုရင် မလှဘူးတဲ့"

ဓန ဘက်လှည့်ကာ စကားတီတီ တာတာ ​ပြော​နေတဲ့က​လေးက ချစ်စရာ ​ကောင်းလှ၏။အသားက ဖြူ​ဖွေး​နေပြီးမျက်လုံး ဝိုင်းဝိုင်း မျက်စံ နက်နက်က​လေးနဲ့ မျက် ခုံး​ကောင်း​ကောင်း​လေးပါ ။ နှုတ်ခမ်း​လေးက ရဲစို​နေပြီး မ​ကြောက်မလန့် သူ့ကို မပီတပီ စကား​တွေ ​ပြော​နေ၏။

My Owner (Completed)Onde histórias criam vida. Descubra agora