"ချစ်သူသိစေ.......❤"
အပိုင်း (၁၂)
မနက်ခင်းပူနွေးနွေးနေရောင်ခြည်လေးတွေဟာအခန်းထဲမှာအိပ်မောကျနေတဲ့ ကောင်လေးနှစ်ယောက်ရဲ့မျက်နှာထက်ကိုဖြာကျလာ၏။ကျေးငှက်လေးတွေဟာလဲ ချစ်တီတူးနေတဲ့ကောင်လေးနှစ်ယောက်ကြောင့် ရှက်ပြီးထွက်ပြေးကြလေသည်။ ကိုယ်သင်းနဲ့လေးတသင်းသင်းနဲ့နွေးထွေးလှတဲ့ ရင်ခွင်ထဲမှာနစ်နေအောင်အဖက်ခံထားရတဲ့ရိပေါ်လေးဟာ အိပ်ချင်မူးတူးနဲ့မျက်လုံးလေးတွေပွင့်လာခဲ့သည်။ သို့ပေမဲ့သူ့ရဲ့ပူပူနွေးနွေး အိမ်ဉီးနတ်လေးကတော့ခုထိအိပ်ကောင်းတုန်းပင်။ ယောက်ကျာ်းလေးတန်မဲ့သေသပ်လှပလွန်းတဲ့ နှာတံစင်းစင်းလေးနဲ့နှုတ်ခမ်းပါးနီထွေးထွေးလေးကို ရိပေါ်သူ့လက်ညိုးလေးနဲ့ထိ
ကြည့်လိုက်တော့ အိပ်မက်မက်နေတာ
လား။နိုးနေတာလား မသေချာတဲ့ကိုကိုဟာ ပြုံးယောင်သန်းလာခဲ့သည်။ ရိပေါ် ကိုကို့ရဲ့ မျက်နှာထက်ကသူ့လက်ညိုးလေးကို ပြန်ရုတ်လိုက်ပြီးချစ်ရသူကိုမြတ်နိုးစွာ ငေးကြည့်နေမိသည်။ညကsexyကျလွန်းတဲ့ ကိုကို့ရဲ့ပုံရိပ်ေတွဟာ ရိပေါ်မျက်လုံးထဲ ပြန်မြင်ယောင်လာတာကြောင့်ရိပေါ်ရဲ့နှုတ်ခမ်းထူရဲရဲလေးဟာ ပြုံးယောင်သန်းလာသည်။တကယ့်ကို ရူးလောက်တဲ့အခိုက်အတန့်ညတညဖြစ်လေ၏။"ကိုကို.....ခများရိပေါ်ကို ဆွဲဆောင်နိုင်လွန်းတယ်"
ရိပေါ်ရဲ့ခပ်တိုးတိုးရည်ရွတ်လိုက်တဲ့ စကားသံလေးဟာရှောင်ကျန့်ရဲ့ နားထဲကိုပဲ့တင်ထပ်လာသလိုပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းပါးလေးဟာလဲသိသိသာသာကို ထောင့်လေးတွေကအပေါ်ကိုကွေးတက်လာသည်။ ပြီးနောက် စူးရှတဲ့မျက်ဝန်းတစုံက
ပွင့်လာခဲ့သလို ရိပေါ်ရဲ့မျက်ဝန်းကြည်ကြည်လေးတွေကို စူးစိုက်ကြည့်လာခဲ့သည်။"အမြဲကိုယ့်လက်ကိုတွဲထားဖို့ တောင်းဆိုပါတယ်ကိုယ့်ရဲ့ကလေးငယ်"
"ရိပေါ်က ကိုကို့အပိုင်မလို့ ကိုကိုမထားခဲ့သ၍
ရိပေါ်က ကိုကို့အနားမှာအြမဲရှိနေမှာဖြစ်သလို
ကိုကိုထားခဲ့ရင်တောင် ကိုကို့ ကိုအတင်းဖက်တွယ်ထားမှာပါ။ ဒါ့ကြောင့် ရိပေါ်ကိုစိတ်ကုန်မသွားဖို့မျှော်လင့်ပါတယ် ကိုကို"