အပိုင်း ၁၃

433 18 0
                                    

"ချစ်သူသိစေ.......❤"

အပိုင်း (၁၃)

မနက်ဖြန်စာမေးပွဲ ဖြေရမဲ့နေ့မလို့ ရိပေါ်ညနက်တဲ့ထိစာကျက်နေသည်ဖြစ်၍ ရှောင်ကျန့်ကလဲ ရိပေါ်စာကျက်တာကို မအိပ်ဘဲကူ
စောင့်ပေးနေလေ၏။

"ကိုကို....စာမကျက်ရင်လဲ အိပ်တော့လေ။
ရိပေါ်တယောက်ထဲ အဆင်ပြေပါတယ်"

"ကျစ်....ကိုယ့်ကိုစကားလှည့်ပြောမနေနဲ့။ ကိုယ်​့စာကိုသေချာကျက်။ ကိုယ်စောင့်ပေးမယ်"

စာမေးပွဲဖြေဖို့ တပတ်လောက်အလိုကတည်းကရှောင်ကျန့်မှာ ရိပေါ်အတွက်ပြာယာခက်နေလေ၏။ ဒါတောင် Guideခေါ်ပေးမယ်ဇွတ်လုပ်နေလို့ ရိပေါ်မှာတားထားရသည်။ အခုလဲကိုယ်ကသူအိပ်ရေးပျက်နေမှာဆိုးလို့ အိပ်ခိုင်းတာကိုစိတ်မရှည်စွာ ကျစ်စုပ်သပ်ရင်းပြန်ဖြေလာသည်လေ။ ရိပေါ်လဲ ပြောမရတဲ့အဆုံး ကိုယ့်စာကိုသာပြန်
ကြည့်နေလိုက်သည်။ မနက်ရောက်တော့ ရိပေါ်အတွက်လိုအပ်တဲ့ ​ေပတံ၊ ဘောပင်
စတဲ့ကျောင်းသုံးပစ္စည်းတွေကို သူကိုယ်တိုင်ပြင်ဆင်ပေးနေတဲ့ရှောင်ကျန့်ရယ်ပါ။ မသိရင် စာမေးပွဲဖြေရမဲ့သူကရိပေါ်တယောက်ထဲလိုပင်။ ညအိပ်တော့လဲရိပေါ်အိပ်မှအိပ်ပြီး မနက်ရောက်ရင်ရိပေါ်ထက် အရင်ထကာ ရိပေါ်အတွက်လိုလေသိပ်မရှိအောင်
ပြင်ဆင်ပေးနေတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်မှာကြည်နူးရပြန်သည်။

"ရပါပြီကိုကိုရယ်.....ကိုကိုလဲစာမေးပွဲဖြေရမှာဘဲလေ။ ကိုယ့်အတွက်ကိုလဲ ပူပါအုံးလား"

မနက်အိပ်ယာကနိုးပါပြီဆိုကတည်းက ပြာယာခတ်နေတဲ့ရှောင်ကျန့်ကြောင့် ရိပေါ်
မကြည့်ရက်စွာပြောလိုက်မိသည်။

"ကိုယ်ကအရေးမကြီးပါဘူး ကလေးအတွက်
ဘဲစိတ်ပူတာ။ စာတွေကရပြီမဟုတ်လား"

"ဟုတ် ရပါပြီ"

"ကိုယ့်ကလေးလေးကို ဂျူတီကုတ်လေးဝတ်တာကိုယ်အရမ်းမြင်ချင်ခဲ့တာ။မကြာခင်မှာ ကိုယ့်ကလေးက တကယ့်ဆရာဝန်လေးဖြစ်တော့မှာဘဲ။ ရှောင်ကျန့်ရဲ့ယောကျာ်းကအမြဲသူများထက်သာနေရမယ်နော် နားလည်လား"

"စိတ်ချပါ ကိုကို့ကို စိတ်မပျက်စေရပါဘူး"

အလိုက်သိတက်လွန်းတဲ့ သူ့ရဲ့မြတ်နိုးရာလေးကိုရှောင်ကျန့်အသဲယားပြီး ရိပေါ်လေးရဲ့ပါးနုအိအိလေးနှစ်ဖက်ကို မြတ်နိုးစွာနမ်းရှိုက်လိုက်သည်။ကျောင်းရောက်တော့လဲ ရိပေါ်ကိုအရင်အတန်းထဲလိုက်ပို့ပြီးမှ သူ့အတန်းဘက်ကိုလာလိုက်၏။

ချစ်သူသိစေWhere stories live. Discover now