"ချစ်သူသိစေ.......❤"
အပိုင်း (၁၅)
မနက်အစောကြီး ရှောင်အိမ်တော်ကို ရောက်လာသည့်ရှောင်ပါး။ လက်ထဲမှာလဲ ရိပေါ်အတွက်ဝယ်လာတဲ့ အသီးအနှံထုပ်ကလေးကို ဆွဲလို့။ရိပေါ်လဲ ရှောင်ပါးရောက်လာတာကြောင့် မီးဖိုထဲမှာမုန့်စားနေတာကို ရပ်ပြီးထွက်လာလိုက်သည်။
"သားငယ်လေး နေကောင်းရဲ့လား။ ဒီမှာ
သားငယ်လေးအတွက် ပါးပါး သစ်သီးတွေဝယ်လာတယ်""ဟိဟိ.....ရိပေါ်လဲ ပန်းသီးစားချင်နေတာနဲ့
အတော်ဘဲ။ ကျေးဇူးတင်ပါတယ် ပါးပါး"ရေခဲသေတ္တာထဲမှာ ရိပေါ်အတွက်သစ်သီးတွေမုန့်တွေစုံနေအောင် ဝယ်ထည့်ပေးထားသည့်တိုင်ရှောင်ပါးရှေ့မှာမို့ ရှောင်ပါးစိတ်ချမ်းသာအောင်ရိပေါ်ပြောလိုက်သည်။
ရှောင်ပါးကလဲ သူ့သားမက်လေးကိုအသဲယားစွာ ပါးလေးကိုခပ်ဖွဖွလိမ်ဆွဲလိုက်ပေမဲ့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ရှောင်ကျန့်ကိုတော့မြင်မဲ့ပုံမပေါ်ပါ။"ပါပါး ထိုင်အုံးလေ။လာ....."
ရိပေါ်က ရှောင်ပါးရဲ့လက်ကိုဆွဲကာ ဧည့်ခန်းထဲခေါ်လာလိုက်သည်။ အခုမှရှောင်ကျန့်ကိုမြင်တဲ့ရှောင်ပါးက မျက်နှာလေးချက်ချင်းတည်သွားမိ၏။ ရှောင်ပါးနဲ့ရိပေါ်လဲ ရှောင်ကျန့်နဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်
ပေမဲ့ ရှောင်ကျန့်ကတော့ခပ်တည်တည်ပင်။သားဖြစ်သူက မျက်နှာတည်ကြီးနဲ့ဆိုတော့ ရှောင်ပါးအနေကျုံ့နေလေ၏။"အမ်.....ပါးလဲ ပြန်တော့မယ်လေနော်"
"မပြန်သေးပါနဲ့အုံး ပါးကလဲ။ ခုမှရောက်တဲ့ဟာကို"
ရှောင်းပါးက ပြန်တော့မယ်ဆိုလာသည်ကြောင့်ရိပေါ်တားလိုက်ပြီး ရှောင်ကျန့်ကိုမျက်စောင်းထိုးကြည့်ကာမျက်နှာရိပ် မျက်နှာကဲပြပြီးရှောင်ပါးကို မပြန်ဖို့တားခိုင်းနေလေ၏။
"ဟုတ်သားဘဲ ထမင်းစားပြီးမှအေးဆေးပြန်ပေါ့"
"အော်.....အေးအေး"
ထိုအခါမှ ကျေနပ်သွားတဲ့ရိပေါ်နဲ့ ပြန်ပြုံးလာတဲ့ရှောင်ပါး။ ရှောင်ကျန့်လဲအတွဲညီနေတဲ့ သူ့ရှေ့ကယောက်ခမနဲ့သားမက် ကိုကြည့်ပြီးသက်ပြင်းမသိမသာချလိုက်သည်။ ရှောင်
ကျန့် ကcomputerတလုံးနဲ့အလုပ်ရှုပ်နေသလောက် ရိပေါ်နဲ့ရှောင်ပါးကတော့စကားတွေပြောနေလိုက်တာ ရေပတ်မဝင်ပါ။
ရှောင်ကျန့်လဲ အတော်နားညီးနေပေမဲ့ မကြား
ချင်ယောင်သာ ဆောင်နေရလေ၏။