"ချစ်သူသိစေ......❤"
(ဇာတ်သိမ်းပိုင်း)
Companyကပြန်လာတော့ အိမ်အပေါက်မှာသူ့ကိုထွက်ကြိုနေတဲ့ ရိပေါ်နဲ့ရိကျန့်လေး။အလုပ်တွေဘယ်လောက်ဘဲ ပင်ပန်းပါစေ၊ စိတ်ဖိစီးမှုတွေလဲ ဘယ်လောက်ဘဲများများ အိမ်ပြန်ရောက်လို့ချစ်ရတဲ့ လူသားလေးနှစ်ယောက်ရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ အလိုလိုပြုံးလိုက်မိ၏။ရှောင်ကျန့်လဲ ကားပေါ်ကဆင်းကာ ရိပေါ်လေးရဲ့လက်ထဲက ရိကျန့်လေးကို လက်လွှဲချီလိုက်သည်။ရှောင်ကျန့်ရဲ့ကားပေါ်ကနေဆင်းလာတဲ့ ဟောက်ရွှမ်း ကိုမြင်တော့ ရိပေါ်မယုံကြည်နိုင်စွာငေးကြည့်နေမိသည်။အရင်က တယောက်နဲ့တယောက်ကတွေ့လိုက်ရင်မျက်စောင်းတခဲခဲ အ့ံတကြိတ်ကြတ်နဲ့ပါ။ ခုတော့လဲ သူတို့မဟုတ်တဲ့အတိုင်း ကားအတူစီးလာရုံမက အိမ်ကိုပါ
ခေါ်လာသည်တဲ့လား။"ရိပေါ် နေကောင်းတယ်နော်"
"ဟမ်....အော်...ဟုတ်ကဲ့။ ဟို...ဘယ်လိုဖြစ်ပြီး"
ရိပေါ်နားမလည်နိုင်ဖြစ်နေတဲ့ အူတူတူပုံစံလေးဟာအရမ်းအသဲယားဖို့် ကောင်းနေလေ၏။ရှောင်ကျန့်လဲလက်တဖတ်က ရိပေါ်ကိုဖက်ကာပခုံးလေးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အညင်သာဆုံးပြုံးပြလိုက်၏။ ပြီးနောက် ဟောက်ရွှမ်း ကိုခေါ်ပြီးဧည့်ခန်းထဲမှာထိုင်ကာ ရိပေါ်လေးကို ရှင်းပြလိုက်သည်။ ထိုအခါ အရမ်းဝမ်းသာနေတဲ့ ရိပေါ်လေး။ရယ်နေလိုက်တာဆိုတာ မျက်လုံးဝိုင်းဝိုင်းလေး
တွေတောင်မှေးမှိတ်လို့နေ၏။"ငါ့ကိုလဲ ခဏပေးချီအုံးလေကွာ"
"ရော့ရော့...."
အိမ်ရောက်ပါပြီဆိုကတည်းက ရိကျန့်လေးကိုချီချင်နေတာ လက်တယားယားဖြစ်နေလေ၏။အခုလဲ မနေနိုင်တော့တဲ့အဆုံး ဟောက်ရွှမ်းရှောင်ကျန့်လက်ထဲက ရိကျန့်လေးကို ဆွဲပွေ့ပြီးပါးလေးတွေကို ညင်သာစွာနမ်းလိုက်သည်။
"ချစ်စရာလေးကွာ......ငါ့တူလေးက"
ရှောင်ကျန့်နဲ့ရိပေါ်လဲ ဟောက်ရွှမ်းကိုကြည့်ပြီးသဘောကျစွာ ရယ်နေကြလေ၏။ ဒီလောက်တောင် ကလေးချစ်တက်တာလားပေါ့။ဒီနှစ်ကျောင်းပြန်ဖွင့်တော့ ရိပေါ်လေးကို ကျောင်းအပ်ပေးပြီးရှောင်ကျန့်ကတော့ ကလေးထိန်းရင်းcompanyမှာသာ အလုပ်လုပ်နေလေ၏။ ရိပေါ်ကကျောင်းပြန်တက်ဖို့ပြောပေမဲ့ ဘယ်လိုမှပြောမရတဲ့ရှောင်ကျန့်ကြောင့် ရိပေါ်လက်လျှော့လိုက်ရသည်။ အကြောင်းပြချက်တွေကလဲ ကောင်းပါ့။
ကိုယ်ကျောင်းတက်ရင် ဘယ်သူကရိပေါ်လေးကိုအခုလိုဂရုစိုက်နိုင်မှာလဲ၊ ရိကျန့်လေးကိုရောဘယ်သူကထိန်းမှာလဲ၊ ရိပေါ်လေးနဲ့
ရိကျန့်လေးအတွက်ဘယ်သူက ပိုက်ဆံရှာပေးမှာလဲ ဆိုပြီးကျောင်းတက်ဖို့ကို အမြဲြငင်းနေခဲ့လေသည်။မနက်ဆို ရိပေါ်ထက်အရင်ထပြီး ရိပေါ်ကျောင်းသွားဖို့အတွက် စာအုပ်၊ဘောပင်က အစအသေးစိတ်လိုက်ကြည့်ပြီး လွယ်အိတ်ထဲကိုသေချာထည့်ပေးထားသည်။ ရိပေါ်အတွက် ကျောင်းဝတ်
စံုကိုလဲသူကိုယ်တိုင် ထုတ်ပေးပြီးအဆင်သင့်ချပေးထားလေ၏။ ပြီးနောက် ရိပေါ်ကိုကျောင်းပို့ပြီးသူကလဲ ရိကျန့်လေးကိုခေါ်ကာ companyလာခဲ့သည်။ တနေကုန် အလုပ်တွေနဲ့ရှုပ်ယှက်ခက်နေရုံမက ရိကျန့်လေးကိုပါ ထိန်းနေသည်ဖြစ်၍ရှောင်ကျန့်လဲ မသက်သာလှပါ။ ညနေကေျာင်းဆင်းချိန်ဆိုလျှင်လဲ ကျောင်းဆင်းချိန်ထက်15မိနစ်
စောရောက်ပြီး ရိပေါ်လေးကိုလာကြိုရသေးသည်။မဟုတ်ရင် ရိပေါ်လေးကျောင်းရှေ့မှာ တယောက်ထဲထိုင်စောင့်နေရမှာဆိုးလို့တဲ့လေ။ ကျောင်းဖွင့်ရက်ေတွဆိုမသက်သာ
ပေမဲ့ ကျောင်းပိတ်ရက်ဆိုလျှင်တော့ ရိပေါ်လေးက ရိကျန့်လေးကိုကူထိန်းပေးလို့ တော်သေးသည်ဟုပြောရမည်။ ဒါတောင်ရိပေါ်ကို စာကျက်ချိန်မရှိမှာဆိုးလို့ဆိုပြီးသူသာ
ရိကျန့်လေးကို အမြဲခေါ်ထားလေ့ရှိ၏။
ကလေးထိန်းခေါ်မည်ဆိုတော့လဲ ရှောင်ပါးနဲ့
တောင်စိတ်မချတာ တခြားသူစိမ်းနဲ့သာဆို
ပိုလို့တောင်ဝေးလေ၏။ အကြောင်းမှာ
ရှောင်ပါးရေသွားသောက်တုန်း ရိကျန့်လေးကို တယောက်ထဲထားခဲ့လို့တဲ့လေ။ တော်တော်အဖြစ်သဲတဲ့ကလေးအဖေကို ရှောင်ပါးခြေရော လက်ရောခါမိသည်။companyမှာလဲ ဝန်ထန်းတွေကိုကူမထိန်း
ခိုင်းသလို အိမ်အကူတွေကိုလဲမထိန်းခိုင်းဘဲ သူကိုယ်တိုင်သာထိန်းလေ၏။