1

399 47 3
                                    


ဂျပန်တွေ ဝင်ရောက်အုပ်ချုပ်နေတဲ့ ခေတ်ကာလဆိုတော့ ဘယ်အရာမဆို အစားဆင်းရဲ အနေဆင်းရဲ ဖြစ်ကြသည်။
မြို့နယ်အသီးသီးမှာလည်း ဂျပန်ဘက်တော်သား မြို့အုပ်တွေကို ခန့်အပ်ထားသည်။

မြို့အုပ် မြို့စားမင်းတွေထဲမှာ နာမည်အကြီးဆုံး နဲ့ အချမ်းသာဆုံးကတော့ မြို့အုပ်ကင်မ် ဖြစ်သည်။ မြို့အုပ်ကင်မ်၏ ဖခင်သည် ဂျပန်စစ်တပ်ရဲ့ ဗိုလ်ချုပ် တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူသည် အထက်တန်းလွှာထဲက တစ်ယောက်ဖြစ်သည်။ ဂျပန်ကပြား မြို့အုပ်ကင်မ်သည် ထက်မြတ်သည် ပြတ်သားသည်။ မြို့အုပ်ရာထူးအပြင် စစ်တပ်၌လည်း အထက်တန်းဗိုလ်မှူးအဆင့် လည်းဖြစ်သည်။ထိုကြောင့် အထက်တန်းလွှာ နဲ့ စစ်တပ် အသိုင်းအဝိုင်းကြားမှာ မြို့အုပ်ကင်မ်ရဲ့ သတင်းသည် လူပြောအများဆုံးဖြစ် သည်။

မြို့အုပ်ကင်မ်သည် မိခင်နှင့်အတူမနေ မြို့လယ်ခေါင် (ချန်ရီ)စံအိမ်တော်လို့ခေါ်တဲ့ အိမ်တော်ကြီးတွေ တစ်ယောက်ထဲနေသည်။ အလုပ်သမားဟူ၍ အနည်းငယ်သာရှိသည်။ အိမ်တော်ထိန်း ဂျို လင်မယား နှစ်ယောက် နှင့် အကူအဖြစ် ယောင်္ကျားလေး နှစ်‌ယောက်ခန့်သာရှိသည်။ စံအိမ်တော်သည် ကြီးသောကြောင့် အလုပ်သမား များအတွက် ခြံနောက်တွေ အိမ်တန်းလျားတွေ နေစေသည်။

"သခင်ကြီး မနက်စာပြင်ပြီးပါပြီ"
"ကောင်းပြီ"

မြို့အုပ်ကင်မ်သည် အရွယ်အားဖြင့် ငယ်ရွယ်သော်လည်း မြို့အုပ်ကင်မ်၏ အရှိန်အဝါကြောင့် လူတိုင်းက သခင်ကြီးဟု ခေါ်ကြသည်။

"ဦးလေးဂျို ကျုပ် ညဘက်အလာ အခုတလောနောက်ကျလာတာမို့ ခြံစောင် တစ်ယောက်လောက် ခေါ်မယ်"
"ဟုတ်ကဲ့ပါ သခင်ကြီး စီစဉ်ထားလိုက်ပါမယ်"
"အသက်ငယ်ငယ် ဖြတ်ဖြတ်လပ်လပ် မစပ်စုတတ်တဲ့ အရိပ်ပြအကောင်မြင်တဲ့လူမျိုး လိုချင်တယ် နားလည်တယ်မလား"
"နားလည်ပါတယ် သခင်ကြီး"

"ဒါဖြင့် ကျုပ် သွားတော့မယ် "

____________

"သခင်ကြီးက ဘာပြောတာတုန်း"
"အော် ခြံစောင် အလုပ်သမားခေါ်ဖို့"
"ဒီက ကောင်လေးတွေကို ခိုင်းလည်းရတာကို အပြင်လူထပ်ရှာမလို့လား"
"သခင်ကြီးအကြောင်းလည်းသိတာဘဲဟာ
သူလိုချင်တာ အသစ်တစ်ယောက်ဆို အသစ်ရှာပေးရမှာပေါ့"
"အေးပေါ့အေးပေါ့ ရှင်ကဘယ်သူကိုလုပ်ခိုင်းမှာလဲ မြို့အုပ်မင်းရဲ့ အနားကို ဘယ်နည်းနဲ့လာရ လာရ လာချင်တဲ့လူများတာ သိတယ်မလား သေချာစီစစ်အုန်းနော် တော်ကြာ တခုခု‌ဆို...."
"တော်တော့ ရှင်မရာ ငါသိတယ် အခုလည်းအဲဒါကိုစဉ်းစားနေတာ"

အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်Where stories live. Discover now