15unizg

3.1K 193 7
                                    

မင်းသည်သာ...🍁🍁🍁...
    .....အပိုင်း(၁၅)....

ရတယ်..အစ်ကို..
အစ်ကို့ ဆီက..အချစ်ကိုမပြန်ရလည်းရတယ်အစ်ကို...
ဒါပေမယ့်..ငေးကြည့်နေခွင့်လေးတော့...
ပေးပါနော်အစ်ကို...
အစ်ကိုပျော်နေတာလေးတွေမြင်ရင်...
ကျွန်တော်လည်း ထပ်တူပျော်ချင်လို့....

    ..🍁........သော.........🍁..

🍁🍁🍁🍁🍁

"ဟျောင့်. ရပ်စမ်း. မပြေးနဲ့.."

သော.အစ်ကိုခိုင်းလုပ်တဲ့..အလုပ်ကိစ္စတစ်ခုနဲ့.company တစ်ခုကို..လာခဲ့ခြင်းပေ...။အစ်ကိုပေးခိုင်းတဲ့ဖိုင်ကိုပေးပြီးတာနဲ့..ပြန်အထွက်...ကားပေါ်ကဆင်းလာတဲ့လူကိုတွေ့တော့..သော..ခနမျှစဥ်းစားလိုက်ပြီး..ဦးနှောက်ကလက်ခနဲဖြစ်သွားရသည်...။သူမှတ်မိတယ်  ဒီကောင်..အစ်ကို့ကို..လုပ်ကြံတဲ့ကောင်...ထိုညကမက်စ်တပ်ထားပေမဲ့...သော...ဒီမျက်လုံးပေါက်တွေကိုမှတ်မိပါသည်...။ဟိုကောင်ကလည်း..သူ့ကိုမြင်တာနဲ့ နောက်ပြန်လှည့်ပြေးရန်ပြင်နေလေသည်..။သော...ခြေလှမ်းကျဲ.ကြီးများနဲ့..ထိုကောင်ဆီကိုအပြေးတစ်ပိုင်းသွားလေသည်...သူပြေးလာသည်ကိုမြင်တာနဲ့..ဟိုကောင်သည်လည်း..နောက်ကိုလှည်ပြေးလေသည်....။

...သောကလိုက်..ဟိုကောင်ကပြေးနဲ့..ခဏအတွင်းရုတ်ရုတ်သဲသဲဖြစ်သွားရသည်....။ဟိုကောင်က.လမ်းကြားထဲကို.ချိုးကွေ့သွားတာကြောင့်...သူပါလိုက်ရသည်...သူလည်းအပြေးသန်သူမို့..တံတိုင်းပေါ်တက်ရန်ပြင်နေတဲ့..ဟိုကောင်ကို ဂုတ်ကနေဆွဲချလိုက်သည်...သူဆွဲချလိုက်တာနဲ့..သူ့ကိုတိုက်ခိုက်တာကြောင့်..သော...အမြန်ရှောင်တိမ်းလိုက်ရသည်....နောက်ဆုံး.သူနဲ့ခန္ဓာကိုယ်ချင်းကွာတာကြောင့်..ဟိုကောင်ကို..သူအသာစီးရလေသည်..အသာစီးရတာနဲ့..အင်္ကျီကော်လံစကိုဆုပ်ကိုင်ကာ..ပယ်ပယ်နယ်နယ်ထိုးလေသည်....။

"မင်းလို..ခွေးသူခိုးကများ..ငါ့အစ်ကိုကို..ကြံရဲတယ်..ခွပ်..မင်းလိုကောင်က.ခွပ်..ခွပ်..ပြောစမ်း..မင်းကို ဘယ်သူခိုင်းတာလဲ..."

"မင်း..အဟွတ် မင်းကိုငါ..ငါမသိဘူး..အဟွတ်..လွှတ်..အား..အစ်.အစ်.."

သော...လည်ပင်းကိုတအားဖိညှစ်လိုက်တာကြောင့်..ဟိုကောင်အတင်းရုန်းနေရသည်..။

မင်းသည်သာ.🍁🍁🍁Where stories live. Discover now