For Lovers; Who Hasitated (Unicode)

1K 96 10
                                    

For Lovers; Who Hesitated

Unicode -

" ၁၉၉၂ ရဲ့ ဆောင်းဦးရာသီမှာ ေတာင်ကိုရီးယားရဲ့ ပြည်သူ့စာတိုက်လုပ်ငန်းကနေ လူကြီးမင်းတို့အတွက် ဝန်ဆောင်မှုအသစ်လေးတစ်ခုကို ေဆာင်ကြဥ်းပေးလာပါပြီ။ လူကြီးမင်းတို့အနေနဲ့ ကိုယ်ဖတ်ချင်နေတဲ့ စာအုပ်တွေိကို စာကြည့်တိုက်မှာ တကူးတကရှာဖွေငှားရမ်းနေရလို့ အဖိုးတန်တဲ့ စာဖတ်ချိန်လေးတွေ လျော့ကုန်တယ်လို့ ယူဆမိရင် ကျွန်မတို့ရဲ့ ဝန်ဆောင်မှုအသစ်လေးက ဒီပြဿနာကို ဖြေရှင်းပေးသွားနိုင်မှာပါ "

ရေဒီယိုအစီအစဥ်မှာ ကြော်ညာဖြတ်ဝင်တာ သိပ်မုန်းတတ်သော သူက ဒီတစ်ကြိမ်တော့ စာအုပ်ဆိုသော စကားလုံးလေးကြောင့် ကြော်ညာကို အာရုံစိုက်နားထောင်မိသည်။ အမှန်တကယ်လည်း သူ့အတွက် စာကြည့်တိုက်မှာ ဖတ်ချင်တဲ့စာအုပ်ရှာရသည်က အချိန်ကုန်ပြီး စာဖတ်ချိန်လျော့သည်မို့ ဝန်ဆောင်မှုအသစ်က မည်သို့မည်ပုံရှိမည်ကို သူစိတ်ဝင်စားမိတာ သိပ်မဆန်းလှပေ။

ဒီနှစ်ပိုင်းတွေအတွင်း သူ့အတွက် စာအုပ်တွေက အကောင်းဆုံးအဖော်မွန်ဖြစ်ခဲ့သည်။ နာကျင်ခဲ့ရသော သူ့နှလုံးသားအတွက် စာဖတ်ခြင်းက အကောင်းဆုံး ကုသခြင်းဖြစ်ခဲ့သည်။ အခုတော့ ရွှေရောင်ကိုင်းမျက်မှန်အောက်က သူ့မျက်ဝန်းများက တည်ငြိမ်ရင့်ကျက်သည့်အသွင်ဆောင်ကာ နှလုံးသားဒဏ်ရာကို အကောင်းဆုံးကုသနိုင်ခဲ့ကြောင်း ဖော်ပြနေခဲ့ပြီ။

" လူကြီးမင်းအနေနဲ့ ဖတ်ချင်တဲ့စာအုပ်နာမည်လေးကို ဖုန်းလေးပဲဆက်ပြီး ပြောလိုက်ပါ။ ကျွန်မတို့ရဲ့ နွေးထွေးပျူငှာဖော်ရွေတဲ့ ဝန်ထမ်းလေးတွေက လူကြီးမင်းရဲ့ အိမ်ကိုအရောက်လာပြီး လူကြီးမင်းငှားရမ်းချင်တဲ့ စာအုပ်လေးကို လာရောက်ပို့ဆောင်ပေးသွားမယ့်အပြင် ငှားရမ်းချိန်ပြည့်လို့ စာအုပ်ပြန်အပ်ချိန်ကျရင်လည်း အိမ်အရောက်လာသိမ်းပေးမှာဖြစ်ပါတယ်။ နေပူပူ၊ မိုးရွာရွာ၊ နှင်းထုတွေပိတ်ဖုံးနေတဲ့ နေ့မျိုးမှာတောင် ကျွန်မတို့ရဲ့ စာအုပ်အငှားဝန်ဆောင်မှုလေးက လူကြီးမင်းတို့နဲ့အတူ ရှိနေမှာပါ "

ကြော်ညာကိုအဆုံးထိနားထောင်ပြီးချိန် တည်ငြိမ်နေသော သူ့မျက်နှာက ကျေနပ်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။ သာမန်လူတို့အဖို့ တစ်စုံတရာကို သဘောကျမိသည့်အခါ ပြုံးမိသွားတတ်သော်လည်း အရယ်အပြုံးမရှိခဲ့တာ ကြာခဲ့ပြီဖြစ်သော သူ့အတွက်တော့ နှစ်သက်သဘောမှုကို အပြုံးဖြင့်မဖော်ပြနိုင်တော့ပေ။

For Lovers;  Who Hesitated (Completed)Where stories live. Discover now