34.zgi

219 4 2
                                    

Moe yanant thin 080:
လေပြေရှိက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(34)

"ငါ့ဆီကဘာလိုချင်တာလဲ"

"အဟွန်း အဲ့ဒါလား ရိုးရိုးလေးပါ မင်းရဲ့နှလုံးသားနဲ့ခန္ဒာကိုယ်ကို ကိုယ့်ဆီအပ်နှံ့ထားရမယ် ငါးလ ..ငါးလပြည့်ရင် မင်းကိုကိုယ်လွှတ်ပေးမယ်"

"ဘာ......! မဖြစ်နိုင်ဘူး! အဲ့လိုမလုပ်နိုင်ဘူး"

"အဟွန်း ဒါဆိုလဲ လွန်ခဲ့တဲ့ငါးနှစ်မှာကိုယ်စုဆောင်းထားတဲ့မင်း‌အဖေရဲ့ဒုစရိုက်မူ့တွေကို သက်ဆိုင်ရာဆီအပ်လိုက်ရုံပဲပေါ့"

"......."

ဒါက အကြပ်ကိုင်နေတာပဲ

"နင်ငါ့ကိုမခြိမ်းခြောက်နဲ့ "

"ကိုယ့်ရဲ့မိန်းမဖြစ်လာပေး ငါးလပြည့်ရင် မင်းကို တခွန်းမတားပဲလွှတ်ပေးမယ် "

"နင်! "

"မုယွမ်ယွမ် ကိုယ့်ရဲ့သီးခံစိတ်ကိုလာမဆွနဲ့ သဘောတူတာနဲ့ သဘောမတူတာ နှစ်ခုပဲရှိတယ် မင်းသဘောတူရင် မင်းအဖေကိုလက်ဖျားနဲ့တောင်မထိဘူး မင်းသဘောမတူလို့ကတော့ မင်းအဖေရဲ့ပိုင်ဆိုင်မူ့တွေအားလုံးကိုသိမ်းယူပြီးတော့ မွဲတေပြီး တသက်လုံးထောင်ထဲမှာပဲအရိုးထုတ်သွားအောင်လုက်ပစ်လိုက်မယ် မင်းယုံလား ဟမ် ကိုယ်က လွန်ခဲ့တဲ့ငါးနှစ်ကိုငပျော့မဟုတ်ဘူး အဲ့တော့ ကျိန်းသေပေါက် မင်းကိုယ့်ကို သဘောတူရမှာပဲ လမ်းဆုံးနေပြီ အဲ့မာနာကိုချိုးလိုက်တော့"

"..........."

မုယွမ်ယွမ်မှာ ဘာမှ မတတ်နိုင်ပဲ သူ့ကိုစိုက်ကြည့်နေမိတယ်

အရင်က သူ့ဆီက စကားကြမ်းကြမ်းတွေလုံးဝမကြားဖူးခဲ့ဘူး

အခုကြားမဲ့ကြားတော့လဲ လုံးဝကိုအပ်တွေနဲ့ထိုးတဲ့ပမာပါပဲလား

အရမ်းကိုရက်စက်လိုက်တာ

"ကောင်းပြီ ဒါပေမဲ့ နင်ငါ့အဖေကိုလုံးဝမထိပါဘူးလို့ဂတိပေးထားတာကိုမမေ့နဲ့ "

"အဟွန်း စိတ်မပူနဲ့ မင်းက လိမ်လိမ်မာမာနဲ့ကိုယ့်ရဲ့ကစားစရာအရုပ်လေးဖြစ်နေသရွေ့ ကိုယ့်ဂတိကိုယ်တည်ရမယ် "

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Donde viven las historias. Descúbrelo ahora