Unicode
အချစ်ဆိုတာဘာလဲဆိုရင် ကျွန်တော် သူ့လို့ဖြေမယ်။
တစ်သက်မှာ တစ်ခါမျှ။ ထိုတစ်ခါမျှမှာ ကျွန်တော်သူ့အား ရူးမိုက်စွာ ချစ်မြတ်နိုးခဲ့သည်။
တစ်ခါတည်းသာ သေမဲ့ ဘဝမှာ သူ့ဟာ ကျွန်တော့်ဘဝလေးရဲ့ အလင်းရောင်။
မှောင်မိုက်မှုတွေကြားမှာ ကျွန်တော်ဟာ သူ့ရဲ့ ရင်ခွင်ထဲသို့ ပစ်ဝင်မိတော့တာဘဲ။
ရူးတယ်။ Kim Taehyung ဆိုတဲ့ ကျွန်တော်က သိပ်ရူးတယ်။
ချစ်လွန်းတယ်။ ရူးမိုက်စွာနဲ့ ကျွန်တော်ချစ်လွန်းတယ်။
ရောင်ပြန်ဟက်ခြင်းမှာ ကျွန်တော့်မေတ္တာတရားသည်လည်း ထပ်တူမျှပေါ့။
ကျွန်တော့်လက်ဖဝါးလေးကို သူဆုပ်ကိုင်လိုက်တိုင်း ကမ္ဘာကြီတစ်ခုလုံးကို အပိုင်စားရသွားခဲ့သလို။
ကျွန်တော့်ပါးပြင်ထက်ကို သူနမ်းရှိုက်လိုက်ရင်တော့ ပန်းခင်းထက်မှာ အရူးတစ်ယောက်လို ကျွန်တော်ပြေးမိသလို ခံစားချက်ပေါ့။
ဆေးမမီတော့ဘူး။ တစ်ဆက်တည်း ကျွန်တော်သူ့ကို လုံးဝလက်မလွတ်နိုင်ဘူး။
လှည့်ကြည့်လိုက်တိုင်း ကျွန်တော့်ကို ခပ်တင်းတင်း ဆက်ဆံသည့် သူ့ရဲ့ပုံရိပ်ကို မြင်နေရသော်လည်း ဘေးကိုလှည့်ကြည့်လိုက်ရင်တော့ ကျွန်တော့်ကို နူးညံ့စွာ နမ်းရှိုက်နေသည့် သူ့ရဲ့ ပုံရိပ်ကို ပိုင်ဆိုင်နေရသည်။
မှန်တွေကာရံထားသည့် ဘေးဘက်ကို ကျွန်တော်ဦးတည်းကြည့်နေပင်မဲ့ အသိစိတ်တွေ ပြန်စုစည်းလိုက်ရင်တော့ သူက ကျွန်တော့်ရှေ့တွင် ဒူးထောက်နေတတ်သည်။
နွေးထွေးမှုတွေကြားမှာ ကျွန်တော်ဟာ သူ့ရဲ့ ကိုယ်သင်းနံ့ကို ခိုးရှူတတ်တာက အကျင့်တစ်ခုလို ဖြစ်နေပြီဆိုတာ သူမသိဘူးလား။
အတွေးတွေနဲ့ အတူ အပြင်ဘက်ကို ငေးကြည့်နေသည့် ကျွန်တော့်အား နောက်ကသူသိုင်းဖက်လာတော့ လေစိမ်းတွေက တိုက်ခတ်နေရင်းကနေ ပျောက်ကွယ်သွားခဲ့သလို။
ဒါဟာ သူ့ရဲ့ အနွေးဓာတ်ကြောင့်ပေါ့။
နားဖျားလေးကို သူကျီဆယ်တော့ ကျွန်တော့်မှာ တုန်ရီလိုက်ပြန်သည့် ရင်ဘတ်။
YOU ARE READING
The Beautiful Silence Of Evil
Fanfictionချစ်ဖို့ကြိုးစားတယ်... လှည့်ကြည့်လိုက်တဲ့အခါတိုင်း နှလုံးသားထဲမှာ ထိုးစိုက်နေတဲ့ အကြောက်တရားတွေ... Jeon Jungkook ♡ Kim Taehyung Written by MinJanuaryMoe