အခန်း(၂)

385 19 0
                                    


"မေမေ သမီး ဆံပင်ဆိုင်သွားလိုက်အုံးမယ်နော်"

"သမီးက ဆံပင်ညှပ်မလို့လား "

"ဟုတ်တယ် မေမေ ဒါပေမဲ့အများကြီးမညှပ်ပါဘူး စီးလို့ရအောင်ညှပ်မှာပါ အခုဟာက ကျောလယ်လောက်ရောက်နေတော့ ပူလည်းပူတယ်ခေါင်းလျှော်ရတာလဲ ကြာတယ်လေ"

"အေးအေး သမီး သွားချေ"

ငယ်ငယ်လေးတည်းက ဆံပင်ရှည်ရင်လုံးဝမနေတတ်တဲ့ ကျွန်မရယ်ပါ။အရှည်တောင်မှ (၈) တန်းနှစ်ရောက်မှ ဖေဖေက အပျိုလေးဖြစ်နေပြီ ဆံပင်တိုနဲ့မ‌နေနဲ့တော့ဆိုလို့ အရှည်ကိုထားဖြစ်ခဲ့ခြင်းဖြစ်သည်။သို့သော် အခုတော့ဆံပင်အရှည်နဲ့ ပူအိုက်တဲ့ဒဏ်ကိုမခံစားနိုင်တော့ပေ။

ဆိုင်ရောက်သော်...

" အန်တီလင်းရေ"

"ဟော သမီးလေးလွန်း ဘယ်တုန်းကပြန်ရောက်တာလဲ"

"မနေ့ကပဲ အန်တီရေ"

"မတွေ့ရတာကြာတော့ ငါ့တူမက ပိုပြီးတောင်ချောလာတယ်တော့ ဒါနဲ့ သမီး ဆံပင်ညှပ်မလို့လား"

"ဟုတ်တယ် အန်တီလင်းရေ ပူတဲ့ဒဏ်မခံစားနိုင်လို့ သမီးကို စီးလို့ရလောက်တဲ့အနေအထားလောက်ထိညှပ်ပေးနော် ပြီးတော့လှလှလေး"

"အေးပါ သမီးရဲ့ လာ ခုံပေါ်ထိုင်"

အန်တီလင်းက ကျွန်မအကြိုက်ကိုသိနေသည့်အတွက် ပုံကျကျလေးနဲ့လှလှလေးဖြစ်အောင်ညှပ်ပေးလိုက်သည်။ အခုနလေးတင် ကျောလယ်လောက်ထိရှိနေတဲ့ကျွန်မရဲ့ဆံပင်တွေက အခုဆိုရင်ဂုတ်ထောက်လေးသာရှိတော့သည်။အရှေ့ကိုလည်းသေချာလေးပုံသွင်းပေးထားသည်။ပြောရမည်ဆိုလျှင် ထိုဆံပင်နဲ့ပင်ပိုလိုက်သည်။

"အန်တီ ဘယ်လောက်လဲ"

"၅၀၀၀ ပဲပေးသမီး"

ထိုအချိန်တွင် ဆိုင်ထဲကို တစ်စုံတစ်ယောက်ဝင်လာသည်။ ထိုအမျိုးသမီးကိုမြင်ဖူးပါသည်။ ဪ မနေ့က ကားပေါ်မှာတွေ့တဲ့အမျိုးသမီး ထပ်တွေ့ပြန်ပြီ။ဒီနေ့တော့မနေ့ကလို ပြင်ဆင်ချယ်သထားခြင်းမရှိ။အိမ်နေရင်း ချည်ဝမ်းဆက်လေးအညိုရောင်ခပ်ဖျော့ဖျော့နဲ့ သနပ်ခါးကို ခပ်ပါးပါးလေးလိမ်းထားသည်။ ဒီလိုနေလည်း အဲ့အမျိုးသမီးက ကြည့်ကောင်းတာပဲ။ ပြီးတော့ သူ့ရဲ့ လှိုင်းကောက်ခပ်ကြီးကြီးနှင့်ဆံနွယ်တွေလည်းဖြန့်ချထားသည်။

သို့ အကြင်သူ...Where stories live. Discover now