အပိုင်း(၈၁) ချိုင့်ဝှမ်းအတွင်းမှ ကြီးမားသောတိုက်ပွဲ

25 2 0
                                    


ချိုင့်ဝှမ်းအောက်ခြေရှိ မီးဝိညာဉ်အစေ့ထံမှ နေမင်းအသေးစားလေးတစ်စင်းကဲ့သို့ တောက်ပတဲ့အလင်းရောင်တစ်ခုထုတ်လွှတ်နေခဲ့ပြီး ချိုင့်ဝှမ်းအပေါ်ဘက်ရှိနှစ်ဖွဲ့စလုံးရဲ့အာရုံတွေကို ဖမ်းစားသွားနိုင်ခဲ့သည်။ လူတိုင်းရဲ့မျက်လုံးထဲမှာ လိုချင်ဆန္ဒတွေ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေရပေသည်။

ချီဟောင်က သူ့ရဲ့အကြည့်ကိုခက်ခက်ခဲခဲပြန်လည်ရုပ်သိမ်းလိုက်ခဲ့ရပေမယ့် သူ့ရဲ့မျက်လုံးထဲမှ လိုချင်တပ်မက်မှုတွေကို ဖုံးကွယ်ထားနိုင်ခြင်းမရှိခဲ့ပေ။ အဲ့ဒီနောက်မှာသူရဲ့အကြည့်တွေက နက်မှောင်သွားခဲ့ရကာ ဇူယွမ်တို့လူစုရှိနေသည့် ချိုင့်ဝှမ်းတစ်ဖက်ခြမ်းကို လှည့်ကြည့်လိုက်သည်။

"ဇူယွမ်... ငါမင်းကို အခုကတည်းကထွက်သွားဖို့ အကြံပေးချင်တယ်... ဒီလိုမှမဟုတ်ဘဲ နောက်မှဆိုရင်တော့ နောင်တရတာနောက်ကျသွားရလိမ့်မယ်..." ချီဟောင်က ခြိမ်းခြောက်လိုက်သည်။

ဇူယွမ်ကတည်ငြိမ်စွာဖြင့်ပင် ချီဟောင်ကိုကြည့်လိုက်သည်။ ချီဟောင်ရဲ့ပါးစပ်ထဲရှိရာပြောတဲ့စကားက သူ့ကိုအနှောင့်အယှက်ဖြစ်စေနိုင်လိမ့်မည်မဟုတ်ပေ။

ဇူယွမ်က သူ့ကိုလျစ်လျူရှုလိုက်တာကို မြင်လိုက်ရသည့်အခါ ချီဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေဖြတ်ခနဲထွက်ပေါ်လာခဲ့ရပြီး သူကပြောလိုက်သည်... "မင်းကသေဖို့အတွက် ဆန္ဒရှိနေတယ်ဆိုမှတော့ ငါကဒီနေ့မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့..."

"အဆိပ်မြို့တော်အရှင်... ဒီအချိန်က ခင်ဗျားရဲ့အလုပ်ကို လုပ်ရတော့မယ့်အချိန်ပဲ..." ချီဟောင်က အဆိပ်ဘုရင်ကိုကြည့်ကာ ပြောလိုက်သည်။

အဆိပ်ဘုရင်က စူးရှစွာနှစ်ကြိမ်ရယ်မောလိုက်ပြီး နားမခံသာဖြစ်စေသည့်လေသံဖြင့်ပြောသည်... "မင်းကငါ့ကိုတန်ကြေးအဖြစ် မြို့တော်သုံးခုပေးထားတယ်ဆိုတော့လည်း ငါကမင်းကို အဆုံးထိရောက်အောင် ကူညီပေးရတော့မှာပေါ့..."

သူ့ရဲ့စကားသံကပျောက်ကွယ်သွားခဲ့ရသကဲ့သို့ အဆိပ်ဘုရင်ရဲ့ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်ရှားသွားခဲ့ပြီး သူ့ရဲ့ခေါင်းထက်မှ အတိုင်းမသိလောက်တဲ့အနက်ရောင်ချီတွေထွက်ပေါ်လာခဲ့ရကာ ၎င်းတို့ကအနက်ရောင်တိမ်စိုင်ကြီးတစ်ခုအလား ကောင်းကင်ပေါ်မှာဖုံးလွှမ်းသွားခဲ့ရသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now