အနိုင်ရလဒ်က သူ့လက်ထဲမှာရှိနေသည့်အလား ချီဟောင်ရဲ့အေးစက်ကာလှောင်ပြောင်မှုတွေနဲ့ပြည့်နှက်နေသည့်အသံက ချိုင့်ဝှမ်းထဲမှာ ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်ရဲ့မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ ချီဟောင်ရဲ့ယုံကြည်မှုအပြည့်ရှိနေသည့်ဟန်ပန်က သူ့အတွက်တော့ အန္တရာယ်ရဲ့အငွေ့အသက်ကို ခံစားရစေခဲ့သည်။ ချီဟောင့်အနေဖြင့်လည်း သူတို့နှစ်ဖွဲ့စလုံးရဲ့အင်အားက လက်ရှိအချိန်မှာ ညီမျှမှုရှိနေသည်ကို နားလည်ထားရပေမည်။
ဇူယွမ်က ဖြည်းညှင်းစွာပြောလိုက်သည်... "ဒီကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးကို မင်းတို့တစ်ဖွဲ့တည်းနဲ့ ရင်မဆိုင်နိုင်မှာကို ငါစိုးရိမ်မိတယ်..."
ချီဟောင်ကရယ်မောလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထက်မှာ ထူးဆန်းတဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ရကာ ပြန်ပြောလိုက်သည်... "ဒီပြဿနာနဲ့ပတ်သက်လို့ စိုးရိမ်ရမယ့်လူတွေက မင်းတို့တွေပဲလို့ ငါခံစားရတယ်..."
စုယုဝေ၊ ဝေချင်းချင်းနဲ့ ကျန်တဲ့လူအားလုံးတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြပြီး သူတို့ရဲ့မျက်လုံးတွေထဲမှာ ဇဝေဇဝါဖြစ်သွားခဲ့ကြရသည်။ ကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေက သူတို့အဖွဲ့ကိုတိုက်ခိုက်မှာမဟုတ်ဘူးလို့ ချီဟောင့်အနေနဲ့ ဘာလို့ဒီလောက်သေချာမှုရှိနေရတာလဲ။
သူတို့ရဲ့အမူအယာကိုမြင်လိုက်ရသည့်အခါ ချီဟောင်က ခပ်ဖွဖွပြုံးလိုက်မိသည်။ အဲ့ဒီနောက်မှာ သူ့ရဲ့လက်ကတစ်ချက်လှုပ်ရှားသွားခဲ့ရပြီး အနက်ရောင်ပလွေတစ်ချောင်းက သူ့ရဲ့လက်ထဲမှာ ထွက်ပေါ်လာခဲ့သည်။
ပလွေထံမှ မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုထွက်ပေါ်နေပြီး ၎င်းရဲ့မျက်နှာပြင်ပေါ်မှာ မြင်နိုင်ရုံမျှသာရှိသည့် မှော်စာလုံးတွေစီးဆင်းနေသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။ ဒီအရာက လွန်စွာထူးခြားဆန်းကြယ်လှသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
"ဒါက စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းပလွေပဲ... ဒါကို မှော်သားရဲတွေရဲ့စိတ်ဝိညာဉ်ကို ထိန်းချုပ်တဲ့နေရာမှာအသုံးပြုတယ်..." ချီဟောင်က ခပ်ဖွဖွရယ်မောလိုက်ပြီးမှ ဆက်ပြောသည်... "ဒီကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေက ဂိုလမ်တစ်ကောင်ဖြစ်ပေမဲ့လည်း ဒါရဲ့အရေးကြီးဆုံးအစိတ်အပိုင်းက အဆင့် ၄စပါးအုံးအမျိုးအစားမှော်သားရဲစိတ်ဝိညာဉ်ပဲ... ငါကသာ ဒီမှော်သားရဲစိတ်ဝိညာဉ်ကိုထိန်းချုပ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်သွားမယ်လို့ မင်းထင်လဲ..."
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasíaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။