ဆွတ်ဇာလန်နိုင်ငံ၏
အေးစက်လှသောမနက်ခင်းမှာ သွားလာလှုပ်ရှားနေသောပုံရိပ်တွေကများစွာ...
မြူတွေရစ်သိုင်းနေသောကောင်းကင်ကြီးက ဖြူဖွေးကာ မှိုင်းရီနေဆဲဖြစ်သော်ငြား ၀ီရိယရှိသောနိုင်ငံခြားသားတွေကတော့ အလုပ်သွားနေကြပြီဖြစ်သည်။သူဒီကိုရောက်နေတာ ၅လလောက်ရှိပြီဖြစ်သည်။ဖုန်းတွေ
လပ်တော့တွေ မရှိဘဲ TVတစ်လုံးသာရှိတဲ့
ဒီအခန်းကျယ်ကြီးထဲ ချုပ်နှောင်ခံနေရတာ မွန်းကျပ်ပြီး သေချင်မိသည်အထိ...တစ်ဦးတည်းသောအဘွားကိုပြန်တွေးမိတိုင်း ဆက်ပြီးရှင်သန်ဖို့အတွေးကိုသာမွေးခဲ့ပါသည်။မွေးရပ်မြေကိုသတိရမိပေမဲ့ အီဒါအူးလ် ဘယ်တော့မှ ပြန်ရမည်မဟုတ်တော့ပါ။*ဒေါက်* *ဒေါက်*
"ကိုကို~ထမင်းစားရအောင်လေ။"
"ထွက်သွား!"
"မနေ့က ညစာမစားဘဲ အိပ်ထားတော့ ကိုကိုဗိုက်ဆာနေပြီမလား။ကျွန်တော်ဘာလုပ်ပေးရမလဲ၊ခေါက်ဆွဲဖြစ်ဖြစ်စားချင်လား..."
"အင်မ်ဂျွန်ဆော မင်းထွက်သွားစမ်းပါ!
ငါမင်းကိုသေလောက်အောင်မုန်းတယ်!""ခဏစောင့်နော်~ကျွန်တော်ခေါက်ဆွဲသွားပြုတ်ပေးမယ်။ကိုကိုကြိုက်မှာပါ..."
အင်မ်ဂျွန်ဆောမှာ အခန်းအပြင်ကနေ
ဒါအူးလ်ပြောသမျှကို လျစ်လျူရှုကာ သူပြောချင်ရာတွေသာပြောလျက် ထွက်သွားသည်။ဟုတ်တယ်...ဂျွန်ဆောဆိုတဲ့ကောင်သူ့ဘ၀ကိုအပိုင်သိမ်းပိုက်ပြီး နိုင်ငံခြားအထိ အဓမ္မခေါ်လာခဲ့တာ။အဲ့ဒီ Psychopathကောင်ကို အသွေးအသားထဲကိုရွံမုန်းသည်။
လွန်ခဲ့သောတစ်နှစ်ခန့်က>>>>
"ကောင်လေး...မင်းတော့ ဆေးရုံကိုမကြာခဏဆိုသလိုကိုလာနေရတယ်နော်။ဘာလို့ အမြဲရန်ပဲဖြစ်နေတာလဲကွာ၊မျက်နှာကလည်းစုတ်ပြတ်လို့..."
"ဘာလဲ..ကျွန်တော်လာလို့မရလို့လား။"
မျက်နှာထားတင်းတင်းနှင့်မေးငေါ့ပြောသောကောင်လေးကြောင့် အီဒါအူးလ်မှာ
သက်ပြင်းသာချနိုင်တော့သည်။ဒီကောင်လေးဟာ ဒီဆေးရုံကို အမြဲလိုလိုလာပြီး တစ်ခါလာပြီဆို ဒဏ်ရာတစ်မျိုးဖြစ်သည်။ဆိုးသွမ်းကာ ရန်ဖြစ်ပြီးရောက်လာသည်ဟုထင်သော်လည်း ဒါကလည်း သူများကိုယ်ရေးကိုယ်တာမို့ မစပ်စုခဲ့ပါ။သို့သော်လည်း အင်မ်ဂျွန်ဆောဆိုတဲ့ဒီကောင်လေးကိုလူကောင်းလေးတစ်ယောက်ဖြစ်စေချင်တာ ဒါအူးလ်ရဲ့ဆရာ၀န်တစ်ယောက်မှာကိန်းအောင်းနေတဲ့နွေးထွေးသောစိတ်ထားလေးပင်ဖြစ်သည်။ကောင်လေးကတော့ အမြဲဂျစ်တိုက်နေတယ်ဆိုပေမဲ့ပေါ့....
YOU ARE READING
Blossom Again(One Shot)
Fanfictionနွေဦးမှာပန်းတွေတဖြုတ်ဖြုတ်ကြွေတဲ့အခါ ကိုကို ကျွန်တော့်ကိုသတိရပေးမယ်မလား ဟင်.... JunDaeul Fanfiction~