Unicode
အပိုင်း ၇
" ငါ့ရဲ့ ဂုဏ်သတင်း အရမ်းကိုကျောဇောနေတာပဲ့ "
ကျောင်းရှေ့ကားရပ်လိုက်တာနဲ့ လူတိုင်းကွက်ကြည့်ကြည့်နေတာမို့ ရှန်းကုလေးညီးတွားလိုက်သည်။
ငါ့ရဲ့ မကောင်းသတင်းတွေကြောင့် ကြောက်နေမယ်ထင်လား။ ရို့...! ဒါဆိုမင်းတို့မှားသွားပြီ။ ကျိုးရင် ငါမင်းအရေခွံလာဆုတ်ပြီး ကြမ်းခင်း လုပ်ပြစ်မယ်။ ဟားဟားဟ...!!
ရှန်းကုမှာ သူများကို လက်စားချေဖို့တွေးနေတုန်း သူရဲ့သူငယ်ချင်းတွေပြေးလာခဲ့သည်။
ရှီဝမ်ရီးတို့မှာ ရှန်းကုရဲ့လူယုတ်မာအပြုံးလေးကြောင့် သူတို့ပါ ဘုမသိဘမသိ လိုက်ရယ်လိုက်ကြတယ်။
ရှန်းကုနဲ့ သူငယ်ချင်းသုံးယောက် " ... "
ထို့နောက် လင်းချိုးက ရပ်ရန်လက်အမူအရာပြကာ အူကြောင်ကြောင်မေးတယ်။
" ငါတို့အခုဘာရယ်နေကြတာလဲ "
" အေးလေ ဘာရယ်တာလဲ "
ရှန်းကုက ဝင်မေးတယ်။ ထို့နောက် ရှီဝမ်ရီး မှာအင်တင်တင်နဲ့
" ငါတို့က မင်းရယ်နေလို့ လိုက်ရယ်တာ။ ဒါနဲ့ စိတ်တိုနေရမှာမလား။ ဘာလို့ရယ်နေတာလဲ "
ရှန်းကုမှာ သူငယ်ချင်းသုံးယောက်ကို ပေါတောတောလေးတွေလို့တွေးလိုက်သည်။ သူကိုယ်တိုင်ကိုတော့ မေ့ထားရင်းပေါ့...
" ဘာမှမဟုတ်ပါဘူး။ ရုတ်တရက်ကြီး ရယ်ချင်လာလို့ ငါအစီအစဥ်တစ်ခုချထားတယ် "
သူငယ်ချင်းသုံးယောက်မှာ စိတ်ဝင်စားစွာ နားစွင့်နေကြတယ်။
" ဒါက ဒီတိုင်းဘာမှမဖြစ်သလို ပုံမှန်ရက်တွေလို နေသွားဖို့ပဲ့ ... ကျန်တာ ငါကြည့်ရှင်းမယ် "
သူငယ်ချင်းအတွက် လက်စားချေဖို့ တွေးနေကြတဲ့သုံးယောက်မှာ ခေါင်းပေါ် ? လေးတွေပေါ်သွားကြသည်။
လင်းချိုးက မနေနိုင်တော့ပဲ
" အာ ဒီတိုင်းနေနေရမှာလား "
ရှန်းကုက ခေါင်းကိုအဆက်မပျက်ငြိမ့်ပြရင်း
" အင်း.... ဒီတိုင်းနေရုံပဲ့ တစ်ချို့သူတွေက သူတို့ဘာသာသေလမ်းလာရှာကြလိမ့်မယ် ဟဲဟဲ အတန်းထဲသွားစို့ "
أنت تقرأ
Am I the mafia's wife?
خيال (فانتازيا)Zaw and Uni ရှန်းကု ဆိုတဲ့ကောင်လေးက သေဆုံးသွားပြီးနောက် အပြိုင်ကမ္ဘာတစ်ခုမှာ ပြန်လည်ရှင်သန်လာခဲ့တယ်။ ဒါမဲ့သူက လူတစ်ယောက်ကို ကလိမ်ကကျစ်နည်းနဲ့ အပိုင်ယူထားခဲ့ပြီး လူအများရဲ့မုန်းတီးခြင်းခံနေရတဲ့ ရှန်းကု နေရာမှာနှိုးထလာခဲ့ရတယ်။ #ShawMimi #XiaoMiWang #...