ကျွန်တော်(စိုင်း)အလုပ်ဆင်းတော့ဆိုင်ရှင်အန်တီကြီးကိုအကျိုးအကြောင်းပြောပြပြီးအလုပ်ထွက်လိုက်တယ်။အိမ်ရောက်တော့လည်းတန်းပြီးမနားရပါဘူးဗျာ။ဦးဟန်ဦးတို့ခိုင်းတာတွေတန်းစီပြီးလုပ်ရသေးတယ်။ကျောင်းပြီးတဲ့အထိတော့သူတို့အိမ်မှာတောင့်ခံပြီးနေရမှာပေါ့။ကျွန်တော့်မှာနေစရာမရှိတော့သူတို့ပြုသမျှသည်းခံပြီးနေနေရတာပေါ့ဗျာ။ည၁၁နာရီရောက်တော့အနားယူဖို့ကျွန်တော်အခန်းထဲ၀င်လာတယ်။အိပ်ယာပေါ်လှဲလိုက်တာနှင့်ခဏလေးအတွင်းအိပ်ပျော်သွားတယ်။ကျွန်တော်မနက်၆နာရီလောက်ထပြီးမမနန်းတို့အိမ်မနက်စာပြင်ပေးဖို့အမှီသွားတယ်။
မမနန်းအိမ်ရှေ့ရောက်တော့ကျွန်တော်ခမ်းနားလွန်းတဲ့မမနန်းရဲ့အိမ်ကြီးပိုကြည့်ရင်းမှင်သက်နေမိတယ်။ကျွန်တော့်ကိုတွေ့တော့ခြံစောင့်ဦးလေးကြီးကကျွန်တော့်ကိုစကားလာပြောတယ်။
ခြံစောင့်"ကောင်လေး၊ဘာကိစ္စရှိလို့လဲ။"
စိုင်း"ကျွန်တော်ကမမနန်းမွန်ခန့်ထားတဲ့စားဖိုမှူးအသစ်ပါ။အလုပ်ဆင်းဖို့ရောက်လာတာပါ။"
ခြံစောင့်"၀င်၊၀င်။ကောင်လေး။မင်းလာမယ်ဆိုတာမမလေးမှာထားတယ်။"
ခြံစောင့်ဦးလေးကြီးကကျွန့်တော့်ကိုခြံတခါးဖွင့်ပေးတယ်။ပြီးတော့ကျွန်တော့်ကိုအိမ်ထဲခေါ်လာတယ်။
ခြံစောင့်"ကောင်လေး၊ခဏထိုင်အုန်းနော်။ဦးလေးဆရာ့ကိုမောင်ရင်ရောက်နေပြီဆိုတာသွားပြောလိုက်အုန်းမယ်။"
စိုင်း"ဟုတ်ကဲ့။"
ခြံစောင့်ဦးလေးကြီးကကျွန်တော့်ကိုဧည့်ခန်းထဲမှာခဏစောင့်ခိုင်းပြီးအပေါ်ထပ်တက်သွားတယ်။ခဏနေတော့အသက်၆၀ကျော်အရွယ်လောက်ရှိတဲ့လူတဦးနှင့်ဆင်းလာတယ်။ဒါကမမနန်းရဲ့အဘိုးလားမသိဘူး???လို့ကျွန်တော်စိတ်ထဲမှာတွေးလိုက်တယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮
ဦးအောင်ကျော်"မောင်ရင်ကမြေးလေးခန့်ထားတဲ့စာဖိုမှူးအသစ်ပေါ့။"
စိုင်း"ဟုတ်ကဲ့ပါခင်ဗျ။ဒီနေ့အလုပ်စဆင်းမှာပါ။"
ဦးအောင်ကျော်"မောင်ရင့်နာမည်ကဘယ်လိုခေါ်လဲ။"
စိုင်း"ကျွန်တော့်နာမည်ကစိုင်းမွန်ပါ။"
ဦးအောင်ကျော်"နာမည်လေးကလှသားပဲ။အဘိုးရဲ့နာမည်ကတော့အောင်ကျော်လို့ခေါ်တယ်။မြေးလေးနှင့်မတိမ်းမယိမ်းဆိုတော့အဘိုးကိုမြေးလေးခေါ်သလိုဘိုးဘိုးလို့ပဲခေါ်ပေါ့။"
စိုင်း"ဟုတ်ကဲ့ပါဘိုးဘိုး။ဒါနှင့်ကျွန်တော်breakfastကိုဘာများပြင်ပေးရမလဲဘိုးဘိုး။"
ဦးအောင်ကျော်"ဒီနေ့ကပထမဆုံးဆိုတော့ထွေထွေထူးထူးပြင်မနေပါနှင့်တော့။အဘိုးတို့မြေးအဘိုးနှစ်ယောက်အတွက်ထမင်းကြော်ပဲပြင်လိုက်ပေါ့။နောက်နေ့ကျမှမြေးလေးစားချင်တာပြင်ပေးလိုက်ပေါ့။"
စိုင်း"ဟုတ်ကဲ့ပါ၊ကျွန်တော်အခုပဲပြင်လိုက်ပါမယ်။ကျွန်တော့်ကိုခွင့်ပြုပါအုန်းဘိုးဘိုး။"
ဦးအောင်ကျော်ခေါင်းငြိမ့်ပြတာကြောင့်ကျွန်တော်လည်းကျွန်တော့်တာ၀န်လုပ်ဖို့မီးဖိုခန်းထဲ၀င်လာခဲ့တယ်။ကျွန်တော်ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့အသီးအရွက်မျိုးစုံနှင့်အသားတွေကိုဘူးတွေနှင့်ထည့်ပြီးစနစ်တကျထား ထားတာတွေ့လိုက်ရတယ်။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...