သံတမန်ရေးရာအမတ်ကြီးတို့ လာပြီးနောက်ရက်များမှာတော့ ဟန်လေးတစ်ယောက် အလွန်ကို စိတ်ချမ်းသာနေသလို စိတ်လည်းကြည်လင်နေသည်။
ယောက်ျားဖြစ်သူ ကိုစောမောင်က လူအများကြားထဲမှာ ဟန်လေးတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးကြောင်းနှင့် တစ်သက်လုံး ဟန်လေးတစ်ယောက်တည်းကိုပဲ ပေါင်းသင်းသွားမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသားပြောလိုက်တာလေ။
ဟိုတစ်ယောက် မျက်နှာကြီး မဲမှောင်ပြီး ပြန်သွားရတာ ဘယ်လောက်ကြည့်လို့ကောင်းလဲ ဟမ့်။
ဟန်လေးတို့က လူတစ်ယောက်ကို နေရင်းထိုင်ရင်းတော့ အမြင်မကတ်တတ်ပေါင်။
ဒါပေမဲ့ ကိုယ့်လူကို လာထိရင်တော့ အဲလူကို ရန်သူလို့သတ်မှတ်လိုက်ပြီးသား။
ဟန်လေးက ကိုယ့်ယောက်ျားကို သူများနဲ့မျှဝေချစ်ရလောက်အောင်တော့ သဘောမကောင်းပါဘူးနော်။
အဲဒီနေ့က အကြောင်းများကို ပြန်တွေးမိတိုင်း ကိုစောမောင်ရဲ့ စကားတွေကို ပြန်ကြားယောင်မိသွားတိုင်း ဟန်လေးတစ်ယောက် အရမ်းတွေကို စိတ်ချမ်းသာနေရတော့တာပါပဲ။
ပြတ်သားလွန်းတဲ့ စကားတွေကို ဆိုနေတဲ့ သူ့ယောက်ျား၊ သူ့ကိုကြည့်တဲ့ နူးညံ့ခြင်းတွေ ချစ်ခြင်းတွေပြည့်နှက်နေတဲ့ မျက်ဝန်း။
အဲဒီနေ့တုန်းက လူတွေရှိနေလို့ ထိန်းထားရတာ။
တစ်ယောက်တည်းသာဆိုရင် " အားးးး ငါ့ယောက်ျားက အရမ်းမိုက်တာပဲ သေလောက်အောင် ဆွဲဆောင်မှုရှိလွန်းတယ်" ဆိုပြီး အော်ဟစ်ပြီးနေလောက်ပြီ။
စိတ်ချမ်းသာလွန်းလို့လားမသိ။
ဒီရက်ပိုင်း စားလို့သောက်လို့ အိပ်လို့ အရမ်းကောင်းနေသလိုပင်။
ထမင်းစားလျှင်လည်း ပုံမှန်ထက် ပိုစားမိနေသလို နေ့ခင်းနေ့လည်များမှာလည်း အမြဲလိုလို ဗိုက်ဆာနေတတ်တာကြောင့် မုန့်များ ခဏခဏ လုပ်စားမိနေသည်။
အိပ်လို့ကလည်း အရမ်းကောင်း။
နောင်ခကို စာပြပြီး ညရှစ်နာရီခွဲလောက်ဆိုလျှင် ဟန်လေး စတင်ငိုက်မြည်းလာပြီး အိပ်ချင်လာတော့သည်။
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Lãng mạnဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။