Zawgyi
ဒီနေ့ကsunooအကိုဖြစ်သူ ကျောင်းပြီးတဲ့အနေနဲ့ သူငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့စားကြမှာဖြစ်တယ်။
သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ သွားစားမှာဖြစ်သည်။
Sunooလည်းထိုအတွက်ပြင်ဆင်နေလျက်ရှိသည်။
Sageရောင်Vestလေးကို အောက်ကရှပ်အဖြူဖြင့်ခံကာဝတ်ထားသည်။
အဖြူရောင်ဘောင်းဘီတိုလေးနှင့်တွဲဝတ်ကာ မနေ့ကမှအရောင်ပြန်ချွတ်ထားသည့် Anti-yellowအရောင်ဆံပင်လေးကိုလည်း သပ်တင်မလိုချရမလိုဗျာများနေပြန်သည်။ခနကြာပြီးတဲ့အချိန်မှာ ကိုယ်သန်ရာကချစ်စရာကောင်းမှုဖြစ်နေတော့လည်း ဆံပင်လေးသာအရှေ့အုပ်အုပ်ကလေးချ၍ ပြင်ဆင်ပြီးတာနဲ့ အောက်ထပ်မှာအကိုဖြစ်သူကိုသွားစောင့်နေတော့သည်။
အောက်ထပ်ကအကို့ရဲ့အခန်းရှေ့၌လည်း
"Hyung ကျွန်တော်ပြီးသွားပါပြီနော်"ပုံမှန်ဆိုSunooက နှစ်နှစ်ဘဲကြီးတဲ့အကိုကို မကြောက်သလိုမင်းနဲ့ငါနဲ့လည်းပြောတတ်ပါသည်။
အခုကတော့ အကိုလိုက်မှသာ ခေါ်သွားမည်ဖြစ်၍ အသံကိုလည်းအတတ်နိုင်ဆုံးနူးညံ့ထား၍ ယဉ်ယဉ်ကျေးကျေးသာပြောလိုက်သည်။
"Sunooရေ အကို့ကို ရေမွှေးလေးငှါးပါဦး"
"ဟုတ် Hyung!"
အကိုဖြစ်သူရဲ့စကားတစ်ခွန်းနဲ့ဘဲSunooတစ်ယောက်နာခံစွာအပေါ်ကိုအမြန်ဘဲတက်သွားသည်။
ပြန်လာတဲ့အခါ အကိုဖြစ်သူကိုလက်တစ်ဖက်နဲ့သာပေးတော့...
အကိုရဲ့မျက်ခုံးတစ်ဖက်ပင့်သွားမှုကြောင့် လက်နှစ်ဖက်နဲ့ပြန်ပြီး ရေးမွှေးပုလင်းပေးရတဲ့Sunooရယ်ပါ။
"Sunoo...သားကိုသားအကိုပါလို့ထည့်လိုက်တာနော်
အကြီးကောင် နင်လည်း ကလေးကိုထိန်းကြားလား"Sunooတို့၌တစ်နှစ်စီသာကွာသောမွေးချင်းမောင်နှမသုံးယောက်ရှိသည်။ Sunooကတော့အငယ်ဆုံးဖြစ်ကာ အလိုလိုက်အခံရဆုံးလည်းဖြစ်သည်။
"ဟုတ်ကဲ့ပါ Ommaရယ် သားထိန်းနိုင်ပါတယ်"
"ကြားတယ်မလားအငယ်ကောင်"