ကျွန်တော်နဲ့ စကားဝါ ချစ်သူဖြစ်ခဲ့တာ သုံးနှစ်ရှိခဲ့တယ်။ စကားဝါက သိပ်ကို လှပြီး နူးညံ့တဲ့ ကောင်မလေးဗျ။ ဆံပင်ရှည်ရှည်လေးနဲ့ အသားအရေက ဖြူနုနေတယ်။ ရင်မို့မို့ ခါးသွယ်သွယ် တင်ကားကားနဲ့ ပေါင်တံသွယ်သွယ်လေး။ သူပြုံးလိုက်ရင် သိပ်ချစ်ဖို့ ကောင်းတယ်။
ချစ်သူသက်တမ်း သုံးနှစ်အတွင်းမှာ သူ့လက်လေး ကိုင်ရုံ၊ ပါးလေး နမ်းရုံထက် မပိုခဲ့ဘူး။ ပါးလေးနမ်းလိုက်ရင် သူက ပြုံးတတ်တယ်။ ပါးလေးတွေများ မွှေးနေတာပဲ။ နမ်းလို့ မဝဘူး။
နှစ်ယောက်တည်း အတူရှိချိန်တွေမှာ ကျွန်တော် အဆင့်တက်ချင်တယ်။ ဒါပေမဲ့ သူက ပန်းလေးတစ်ပွင့်လို သိပ်ကို နူးညံ့ပြီး ချစ်စရာ ကောင်းတယ်။ အရိပ်တကြည့်ကြည့် ချစ်ရတဲ့ ချစ်သူမို့ သူနာကျင်မှာ၊ သူစိတ်ဆိုးမှာ ဘာမှ မလုပ်ရက်ဘူး။ ဒါနဲ့ပဲ မချင့်မရဲနဲ့ ရည်းစားသက်တမ်း သုံးနှစ်ကို ရောက်လာတယ်။ အတူလက်ထပ်ပြီးရင်တော့ သားသားမီးမီးလေးတွေ ယူမယ်။ ပျော်စရာ ကောင်းတဲ့ မိသားစုကို ဖန်တီးမယ်လို့ အစီအစဉ် ဆွဲထားတာပေါ့ ခင်ဗျာ။
သုံးနှစ်မြောက်မှာ မထင်ထားတဲ့ အလှည့်အပြောင်း စလာတယ်။ စကားဝါတို့ မိသားစုက စီးပွားရေးကျတော့ လုပ်ငန်းရှင်တစ်ဦးဆီက အထောက်အပံ့ယူပြီး စီးပွားရေး ဦးမော့လာအောင် ကြိုးစားတယ်။ ကံမကောင်းချင်တော့ စီးပွားရေးက အဆင်မပြေဘဲ အခြေအနေ ပိုယိမ်းယိုင်လာတယ်။
စကားဝါတို့ မိသားစုကို ထောက်ပံ့တဲ့ စီးပွားရေး လုပ်ငန်းရှင်က အသက်မကြီးသေးဘူး။ သုံးဆယ်ကျော်လောက်ပဲ ရှိဦးမယ်။ စကားဝါက ၂၁ နှစ်၊ ကျွန်တော်က ၂၃ နှစ်လေ။ ကျွန်တော်တို့ထက် ကြီးတယ်ဆိုပေမဲ့ သတ်မှတ်အပိုင်းအခြားအရ ငယ်သေးတယ် ပြောရမှာပေါ့။ ကျွန်တော့်အတွက် ကံဆိုးတာက သူက အိမ်ထောင်မရှိတဲ့ လူလွတ်တစ်ယောက် ဖြစ်နေတာပဲ။
ကျွန်တော်တို့မြို့ကို ရောက်လာချိန်မှာ သူ့ကို ကျွန်တော် တစ်ခါ တွေ့ဖူးတယ်။ ရုပ်ရည်ကတော့ ခန့်ခန့်ညားညားပဲ။ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်ပြီး တည်ကြည်ပြတ်သားတဲ့ ပုံစံရှိတယ်။ အရပ်ကလည်း အမြင့်ကြီးပဲ။ သူ့ကိုကြည့်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ချာတိတ် တစ်ယောက်လို ခံစားရတယ်။