"ဆရာ ဆရာ့ကောင်လေးထပ်ရောက်လာပြန်ပြီ"
"ကောင်လေးမဟုတ်ပါဘူးဆို ဆရာမလီနော်!"
အခုမှဂျူတီနားဖို့ပြင်နေတုန်း အခန်းထဲအမောတကောပြေးဝင်လာပြီး ဆရာ့ကောင်လေးဆိုတဲ့အသုံးကြောင့် လာပြောပေးတဲ့ဆရာမလေးကို နားရွက်ဖြားတွေရဲပြီးရှက်ရှက်နဲ့ပြန်စွာရင်း အဆိုးအပေငဂျစ်ကောင်လေးရှိရာအရပ်ဆီကို အပြေးသွားရပြန်တယ်။
"ချွဲဆူဘင်း! မင်း ဘာထပ်ဖြစ်ပြန်တာလဲ"
"ကားတိုက်တာ"
"ဘာ!!"
"ကားတိုက်ပါဆို ကိုကိုရာ ဖြေးဖြေးပြောလဲကျွန်တော်ကြားပါတယ် မအော်ပါနဲ့ အခုတော့ ပြေးလာရလို့တစ်ခါ အော်ရလို့တစ်ခါ ၂ခါမောရောမလား"
"ငါ့ဟာငါ မောတာ မင်းနဲ့ဘာဆိုင်တုန်း"
"ဟ ဆိုင်တာပေါ့ဗျ ကိုကိုမောတော့ ကျွန်တော်နှလုံးသားလေးကပါ နာတာပေါ့ဗျာ"
"အပိုတွေပြောမနေနဲ့ ကားတိုက်လာတာဆို ဘာမှလည်းမဖြစ်ပါလား ငါ့ကိုလိမ်ပြောနေတာမလား"
"ကိုကို့ကိုကျွန်တော်ကလိမ်စရာလား တစ်ကယ်တိုက်လာပါဆို"
အဆုံးသတ်မှာအသံလေးတိမ်ဝင်သွားလို့ ကိုကိုစိတ်ပူသွားတယ်ထင်ပါရဲ့ မျက်နှာလေးကစိတ်ကောင်းဖြစ်သွားတဲ့ပုံလေးနဲ့ ကိုကိုကချစ်စရာလေးဗျာ။
"ပြစမ်း ဘယ်နား ဘာဖြစ်သွားသေးလဲ။ ဘယ်ကားနဲ့တိုက်မိတာလဲ။ ဘယ်သူတိုက်သွားတာလဲ။ ဘယ်လိုတိုက်..."
"ဟိုးထား ဖြေးဖြေး မေးခွန်းတွေများလိုက်တာ ကိုကိုရာ မေးခွန်းတွေကို ကျွန်တော်တစ်ခုခြင်းဖြေပေးမယ်ဟုတ်ပြီလား။ ပထမဆုံးက ဘယ်နားထိသွားလဲဆိုတော့ နှလုံးသားလေးပေါ့ကိုကိုရာ ကိုကိုကရောက်လာကတည်းကချွဲဆူဘင်းလို့ခေါ်ပြီး မောင်လိုမခေါ်တော့ နှလုံးသားလေးက နာ နာ။ နောက်မေးခွန်းတွေအတွက်က အဖြေကတစ်ခုတည်း ရပ်ထားတဲ့ကားကို ကျွန်တော်က အနောက်ဝင်ဆောင့်ပြီးတိုက်.... အား အား နာတယ်နော် ကိုကိုလက်လွန်မယ်"
စကားမဆုံးခင် နားရွက်အဆွဲခံလိုက်ရတာကြောင့် တအား အား သာအော်နေရုံပဲတတ်နိုင်ခဲ့တယ်။
ကိုကိုကရုပ်လေးကချစ်စရာကောင်းပြီးစိတ်ထားလေးကကောင်းသလောက် လက်သံကတော့ရှယ်ပြောင်တာဗျာ။