"ကိုကို"
ဂယူဘင်း အိမ်မက်ထဲမှာအမြဲတမ်းကြားနေကျအသံနှင့်အတူတစ်ရေးနိုးလာခဲ့တယ်...
ဒီအသံလေးကိုအိမ်မက်မက်ဆက်တိုက်ရှိပါပြီအစတုန်းကတော့ဒီအတိုင်းသာမန်မက်တာထင်ပေမဲ့နေတိုင်းနီးပါး အိမ်မက်ထဲပါလာသည်။
ဘယ်သူမှန်းမသိပေမဲ့ ဂယူဘင်း ထိုအသံလေးကြားနေရတာကိုသဘောကျမိသည်။ထိုအသံကသူ့အတွက်မနက်ခင်းကိုနိုးဆွပေးတဲ့အသံလေးနှင့်တူသည်။
ယနေ့မှာအလုပ်ပိတ်ရက်ဖြစ်သည့်အတွက်နည်းနည်းနေမြင့်မှထခြင်းဖြစ်သည်။ဂယူဘင်းတစ်ယောက်ပိတ်ရက်တိုင်း အမြဲလုပ်နေကြကိုသာလုပ်ဖြစ်သည်...
ပိတ်ရက်တွင်အိပ်ရာကထရေမိုးချိုးပြီးသတ်သတ်ရပ်ရပ်ဝတ်ကာအမြဲသွားနေကျcoffeeဆိုင်ကိုသွားခြင်းပင်...
ထိုCoffeeဆိုင်လေးကသူ့အတွက်သုခဘုံပင်
ဂယူဘင်း ကဆိုင်အဝင်ဝမှာခနရပ်ပြီးနာမည်လေးကိုတစ်ချက်မော့ကြည့်လိုက်သည်'Past'
အပြင်အဆင်လေးကလဲအရမ်းကြီးခေတ်ဆန်မနေဘဲလူအလာလဲနည်းသည့်အတွက်ပိုနှစ်ခြိုက်မိခြင်းဖြစ်သည်။
ဆိုင်ထဲဝင်ပြီးအမြဲတမ်းထိုင်နေကြခုံလေးမှာဘဲဝင်ထိုင်လိုက်သည် သောက်နေကြblack coffeeတစ်ခွက်မှာရင်းနဲ့ပေါ့
အိတ်ထဲကလဲသူ့သဘောအကျဆုံးဇာတ်ကားရဲ့ဝတ္ထုဖြစ်တဲ့စာအုပ်ကိုတကူးတကဝယ်ကာထည့်လာသည်။
'The lord of the rings'
bookmardလေးနဲ့မှတ်ထားတဲ့စာမျက်နှာကိုလှန်လိုက်တယ် ဒီစာအုပ်တောင်ပြီးခါနီးဖြစ်နေပြီ နှမြောမိပါသည် အဖိုးတန်စာအုပ်လေးမို့နည်းနည်းစီအရသာခံရင်းဖတ်လာတာပြီးတော့မည်။
စာအုပ်ဖတ်ပြီးခနကြာတော့အပြင်မှာမိုးဖွားလေးတွေကျလာတယ်...မိုးရွာတာမြင်နေကြပေမဲ့ဒီနေ့ရွာတဲ့မိုးကတော့ ဂယူဘင်းအတွက်ထူးခြားတယ်လို့ခံစားရသည်။
ခပ်နွေးနွေးဖြစ်နေတဲ့coffeeခွက်ကိုအရသာခံမနေတော့ဘဲ ကုန်အောင်မော့သောက်လိုက်တယ်။ခဏနေတော့မိုးစက်လေးတွေလိုမျိုးရုတ်တရက်ဆိုင်ထဲရောက်လာတဲ့ကောင်လေးတစ်ယောက်ကိုသတိထားမိသွားတယ်။