၉၀

22 2 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)

အပိုင်း(၉၀) ရတနာတွေကိုထားပြီး ထွက်သွားတော့မလို့လား

ချိုင့်ဝှမ်းအတွင်းမှ ပြင်းထန်သောတိုက်ပွဲက နောက်ဆုံးမှာ အဆိပ်ဘုရင်ရဲ့အညံ့ခံမှုနဲ့အတူ အဆုံးသတ်သွားခဲ့ရ၏။ ဇူအင်ပါယာတော်ဝင်ကလန်ရဲ့ဇူယွမ်က ဒီအရေးကိစ္စတွင် ကြီးမားတဲ့အောင်ပွဲကို ရရှိနိုင်ခဲ့သူဖြစ်သည်။

ချိုင့်ဝှမ်းအပြင်ဘက်ရှိအင်အားစုတွေက ဒီအခြင်းအရာကိုမြင်လိုက်ရသည့်အခါ လိမ္မာပါးနပ်မှုရှိစွာပင် တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြန်လည်၍ ဆုတ်ခွာသွားခဲ့ကြသည်။ မီးဝိညာဉ်အစေ့ကို ရရှိဖို့ယှဉ်ပြိုင်ရာမှာ ချီအိမ်တော်ကအလုံးစုံရှုံးနိမ့်သွားခဲ့ရသလို အဆိပ်ဘုရင်တောင်မှပင် မင်းသားလေးဇူယွမ်ရဲ့လက်အောက်တွင် အညံ့ခံခဲ့ရသည်။

ဒီယှဉ်ပြိုင်မှုပြီးတဲ့နောက်မှာ တော်ဝင်ကလန်ရဲ့အင်အားက အံ့အားသင့်စရာကောင်းလောက်အောင်ပင် တစ်ဟုန်ထိုးမြင့်တက်သွားမည်မှာ သေချာသည်။

ဒီလိုမျိုးအင်အားကောင်းတဲ့ တော်ဝင်ကလန်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရမယ်ဆိုရင် အဆိပ်ရေအိုင်အတွင်းရှိ မည်သည့်အင်အားစုကမှ တော်ဝင်ကလန်ရဲ့ပြိုင်ဘက် ဖြစ်လာလိမ့်မည်မဟုတ်ပေ။

"ဂုဏ်ယူပါတယ် မင်းသားလေး..." ဝေကန်းလန်က သူ့ရဲ့မူလချီတွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဇူယွမ့်ကိုလက်နှစ်ဖက်ဆုပ်အရိုအသေပြုလိုက်ကာ ပြောသည်။

ဝေကန်းလန်ရဲ့မျက်လုံးထဲမှာ ဇူယွမ်ကပိုပြီးအရေးပါလာခဲ့ရသည့်အတွက် သူ့ရဲ့လေသံမှာ ရိုသေလေးစားမှုအနည်းငယ်တောင် ပါဝင်လာခဲ့သည်။ ထို့အပြင် ဇူယွမ်ရဲ့ဘေးမှာ ထူးခြားဆန်းကြယ်သည့်မှော်သားရဲတစ်ကောင်နှင့် အဆင့် ၄မူလမှော်စာလုံးပညာရှင်ယောင်ယောင်တို့ရှိနေပြီးဖြစ်သလို အခုအချိန်မှာလည်း အဆိပ်ဘုရင်က ဇူယွမ့်လက်အောက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သူတို့သုံးယောက်စလုံးက မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိပေသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now