၉၁

26 3 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)

အပိုင်း(၉၁) မြေအောက်နန်းတော်

"ဒါက မဖြစ်နိုင်ဘူးရယ်လို့တော့ မဟုတ်ဘူး..."

ယောင်ယောင်ရဲ့ပါးစပ်ဖျားမှ ထိုစကားတွေထွက်ပေါ်လာသည့်အခါ ဇူယွမ်၊ စုယုဝေ၊ ဝေကန်းလန်နဲ့ ကျန်တဲ့လူတွေအားလုံးရဲ့အကြည့်က သူမထံရောက်ရှိသွားခဲ့ပြီး သူတို့ရဲ့မျက်နှာထက်မှာ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာခဲ့သည်။ ယောင်ယောင်က ဒီလိုမျိုးမူလမှော်စာလုံးနယ်နိမိတ်တစ်ခုကိုတောင် အဓိပ္ပါယ်ဖော်နိုင်စွမ်းရှိနေတာလား။

သူမက သူတို့အားလုံးရဲ့စိတ်ထဲကို ထွင်းဖောက်မြင်နေရသည့်အလား သူမရဲ့ခေါင်းကို ခါယမ်းပြလိုက်ပြီးပြောသည်... "ဒီမူလမှော်စာလုံးနယ်နိမိတ်ရဲ့ အဓိပ္ပါယ်ကိုဖော်နိုင်ဖို့အတွက်ဆိုရင် လူတစ်ယောက်ကအနည်းဆုံး အဆင့် ၅မူလမှော်စာလုံးကို ရေးဆွဲနိုင်ဖို့လိုအပ်တယ်... လက်ရှိငါ့ရဲ့အဆင့်က ဒီလိုမျိုးလုပ်နိုင်စွမ်းမရှိသေးဘူး..."

ဒါကိုကြားလိုက်ရပြီးနောက်မှာ လူတိုင်းကပိုပြီးရှုပ်ထွေးသွားခဲ့ရသည်။ သူမတောင် ဒါကိုအဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိဘူးဆိုရင် အခြားဘာနည်းလမ်းများ ရှိနေလိမ့်ဦးမည်နည်း။

ယောင်ယောင်က တည်ငြိမ်သည့်အမူအယာဖြင့်ပြောလိုက်သည်... "တကယ်လို့ငါတို့လက်ထဲမှာသာ ထူးခြားတဲ့မှော်စာလုံးတစ်ခုရှိနေတယ်ဆိုရင် ဒါကိုဖွင့်နိုင်လိမ့်မှာမဟုတ်ဘူးလား..."

သို့ပေမဲ့လည်း ထိုအခိုက်အတန့်မှာပင် စုယုဝေရဲ့မျက်လုံးတွေက တောက်ပသွားခဲ့ရပြီး သူမကမေးလိုက်သည်... "အစ်မကြီးယောင်ယောင်က အဲ့ဒီလိုထူးခြားတဲ့မှော်စာလုံးကို သိထားတာလား..."

ယောင်ယောင်က မူလမှော်စာလုံးနယ်နိမိတ်ကို ဂရုတစိုက်ဖြင့်စစ်ဆေးလိုက်သည်။ ထို့နောက်မှာ သူမကခေါင်းညိတ်ပြကာပြောလိုက်သည်... "ကြည့်ရတာ ငါထင်ထားတာမှန်နေပုံပဲ..."

သူမကပြောလိုက်သကဲ့သို့ သူမရဲ့ခါးမှာချိတ်ဆွဲထားသည့် သိုလှောင်အိတ်ကိုဖွင့်လိုက်ပြီး အနက်ရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now