၉၃

25 2 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)

အပိုင်း(၉၃) ငွေရောင်အရိပ်

သူတို့ရှေ့က တိုက်ပွဲဝင်ချပ်ဝတ်ကို စိုက်ကြည့်နေရင်း ဇူယွမ်နဲ့ စုယုဝေတို့ရဲ့မျက်နှာထက်မှာ အံ့အားသင့်တုန်လှုပ်နေမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။ ယောင်ယောင်ရဲ့လှပတဲ့မျက်လုံးလေးတွေထဲမှာ အံ့အားသင့်မှုအချို့ရှိနေခဲ့ကာ သူမက တိုက်ပွဲဝင်ချပ်ဝတ်ကို အချိန်အနည်းငယ်ကြာ စစ်ဆေးခဲ့ပြီးနောက်မှာ ပြောလိုက်သည်... "ဒါကတိုက်ပွဲဝင်ချပ်ဝတ်တစ်ခုမဟုတ်ဘူး... တိုက်ပွဲဂိုလမ်တစ်ကောင်ပဲ..."

"တိုက်ပွဲဂိုလမ်လား..." ဇူယွမ်နောက်တစ်ကြိမ်ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည်။

"တိုက်ပွဲဂိုလမ်ဂိုဏ်းမှာ စွမ်းရည်အချို့ရှိနေတာပဲ... သူတို့တွေက တိုက်ပွဲဂိုလမ်ကို ဒီအဆင့်ထိရောက်အောင် ဖန်တီးနိုင်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး..." ယောင်ယောင်ရဲ့လေသံမှာ ကျေနပ်အားရမှုအချို့ ပါဝင်နေသည်။

"ငါထင်တာသာမမှားဘူးဆိုရင် ဒီတိုက်ပွဲဂိုလမ်က သူ့ဘာသာသူသီးခြား အသုံးပြုလို့မရဘူး... ဒါပေမဲ့ လူတစ်ယောက်နဲ့ပေါင်းစပ်ပြီး အထောက်အပံ့ပေးတဲ့အရာတစ်ခုအဖြစ်အသုံးပြုမယ်ဆိုရင် မယုံကြည်နိုင်စရာကောင်းတဲ့ စွမ်းအားကိုထုတ်ဖော်နိုင်လိမ့်မယ်..."

"လူနဲ့တိုက်ပွဲဂိုလမ်ကို ပေါင်းစပ်ဖို့ဆိုရင်... ဒီတိုက်ပွဲဂိုလမ်ကဂိုဏ်းက အမှန်တကယ်ကို ထူးထူးဆန်းဆန်းတွေ ဖန်တီးနိုင်စွမ်းရှိတာပဲ..."

"လူတစ်ယောက်နဲ့ပေါင်းစပ်ခြင်းလား..." ဇူယွမ်သက်ပြင်းကိုသာချလိုက်မိပြီး သူ့အနေနဲ့ ဒီအရာကိုကောင်းစွာ နားလည်သဘောပေါက်နိုင်ခြင်းမရှိခဲ့ပေ။

"အဲ့ဒါကို နင့်လက်နဲ့ထိလိုက်..." ယောင်ယောင်က ညွှန်ကြားလိုက်သည်။

ဇူယွမ်တဒင်္ဂကြာတုန့်ဆိုင်းနေခဲ့ရပြီးနောက်မှာ သူ့ရဲ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရဲ့လက်ချောင်းတွေက ရှေ့မှာရှိနေသည့် ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်ကို သတိကြီးစွာထားကာထိတွေ့လိုက်သည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now